လူမှုကွန်ရက်ကနေ တစ်ဆင့် ရေးသားဖော်ပြခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ပြန်လည်ကူးစက်လာတဲ့ အခြေအနေကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးက အရေးကြီးပြီး သတိထားနေထိုင်ကြဖို့နဲ့ သူမကိုယ်တိုင်လည်း အသွားအလာတွေကို သတိထားပြီး စီစဉ်ရတော့မယ်လို့ ဒီကနေ့ သြဂုတ်လ(၂၁)ရက်နေ့ က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ သြဂုတ်လ (၁၉)ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပါတီဝင်တွေရဲ့ နေအိမ်တချို့ကို သွားရောက်ခဲ့ရာမှာ လူစုလူဝေးဖြစ်ပွားခဲ့လို့ ဝေဖေန်ပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။ အခုလို သွားရောက်ခဲ့တာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တောင်းပြီးမှ သွားရောက်တာဖြစ်သလို ပါတီအရဆောင်ရွက်ဖြစ်းဖြစ်တယ်လို့ လည်း ရေးသားဖော်ပြခဲ့ပါတယ်။ 



ပါတီဝင်တွေရဲ့ အိမ်တွေကို အခုလို သွားရောက်တွေ့ဆုံဖို့အတွက် ကျန်းမာရေးစည်းမျဉ်းတွေနဲ့ အညီ လူ (၃၀)ထက် မပိုဖို့နဲ့ Mask တပ်ဆင်ခြင်းတွေကို သေချာပြင်ဆင်ပြီးမှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အစီအစဉ်တကျ စီစဉ်ပြီးမှ သွားရောက်တွေ့ဆုံခဲ့ပေမယ့် အိမ်အပြင်လမ်းတွေပေါ်မှာ ကြိုဆိုတဲ့ ပြည်သူတွေကိုတော့ စီမံခန့်ခွဲရာမှာ အခက်အခဲရှိခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူတွေအနေနဲ့ အခုလိုအားပေးထောက်ခံတာကို ကျေးဇူးတင်ရှိပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် လူစူလူဝေးဖြစ်တာကြောင့်စိုးရိမ်မှုရှိတာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိပြုနေထိုင်ကြဖို့ကိုလည်း အတိုင်ပင်ခံက တိုက်တွန်းပြောကြားခဲ့ပါတယ်။ 

လက်ရှိ ရခိုင်ပြည်နယ်၊စစ်တွေမြို့မှာ ဖြစ်ပေါ်နေတဲ့ ရောဂါကူးစက်မှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ရောဂါထိန်းချုပ်နိုင်ဖို့အတွက်နိုင်ငံတော်အနေနဲ့ လူအင်အား၊ ငွေအင်အား အများအပြားကိုထုတ်သုံးနေပြီဖြစ်တယ်လို့ ပြည်သူတွေကို အသိပေးပြောကြားခဲ့ပါတယ်။



Share

Loading Next Article...
က္က