ကင်မရာမရိုက်ဖို့ကိုပါ ဆေးလ်ဗားကြီးက ပြောခဲ့တာပါ။

ချဲလ်ဆီးရဲ့ ဝါရင့်နောက်ခံလူကြီး သီယာဂိုဆေးလ်ဗားဟာ လူတန်တောင်းကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အသင်းဖော် ကစားသမားတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးတို့ သုံးဂိုးပြတ်နဲ့ အရင်ဆုံး ဦးဆောင်နိုင်ခဲ့တာပါ။



ဒါပေမယ့် ဒုတိယပိုင်းပွဲပြီးခါနီးမှာ ချေပဂိုးနှစ်ဂိုး ပြန်ပေးခဲ့ရပြီး အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ လူတန်တို့ ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ရင် ချဲလ်ဆီးတို့ နိုင်ပွဲဆက်လက်ပျောက်ဆုံးဦးမှာဖြစ်ပါတယ်။


ကံကောင်းထောက်မစွာနဲ့ပဲ ချဲလ်ဆီးတို့ နိုင်ပွဲရရှိခဲ့ပေမယ့် ဘရာဇီးလူမျိုး နောက်ခံလူကြီးကတော့ အသင်းရဲ့ ကစားပုံကို ကျေနပ်အားရခဲ့ခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း အသင်းဖော်အချို့ကို ပွဲအပြီး ကွင်းထဲမှာတင် ဆူပူကြိမ်းမောင်းခဲ့တာဖြစ်ပြီး ဒီမြင်ကွင်းကို ရုပ်သံကင်မရာတွေက ရိုက်ကူးပြသခဲ့ပါတယ်။

ဒါပေမယ့်လည်း သီယာဂိုဆေးလ်ဗားက သူ့အနားကို ရုပ်သံကင်မရာတစ်လုံး ချဉ်းကပ်လာချိန်မှာ ထွက်သွားဖို့အတွက် အသိပေးခဲ့ပြီး အသင်းက ဂိုးတွေပြန်ပေးခဲ့ရတဲ့အပေါ် စိတ်ပျက်လက်ပျက်နဲ့ ခေါင်းတစ်ခါခါဖြစ်နေခဲ့ရပါတယ်။ ပရိသတ်တွေကတော့ သီယာဂိုဆေးလ်ဗားရဲ့ လုပ်ရပ်တွေအပေါ် ချီးကျူးနေကြပါတယ်။
ပရိသတ်တွေက “သီယာဂိုဆေးလ်ဗားက သူကစားနေတဲ့ အသင်းအတွက် အသက်တောင် ပေးမယ့်လူမျိုးပါ” “သီယာဂိုဆေးလ်ဗားက အသင်းအတွက်ရော၊ သူ့ကိုယ်သူရော မြင့်မားတဲ့ စံနှုန်းထားရှိတဲ့ လူမျိုးပါ။ ပွဲအပြီးမှာ သူမပျော်ရွှင်နိုင်တာ မထူးဆန်းပါဘူး” “သီယာဂိုဆေးလ်ဗားနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေတဲ့သူတွေကို စိတ်ပျက်နေပါပြီ။ သူက ငါတို့ရဲ့ အကောင်းဆုံးနောက်ခံလူဖြစ်ပြီး အသက်က (၃၉) နှစ်ရှိပါပြီ”​ လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။

Share

Loading Next Article...
က္က