One Vision ထက် ဈေးပို သက်သာဖို့ရှိပါတယ်။

Android One ဖုန်းတစ်လုံးအနေနဲ့Motorola ကနေ နောက်ထပ်မိတ်ဆက်သွားဖို့ရှိတဲ့ ဖုန်းတစ်လုံးကတော့ Motorola One Action ပဲ ဖြစ်ပါတယ်။

         ပြီးခဲ့တဲ့ မေလထဲမှာ Motorola ဟာ Motorola One Vision ကို ကြေညာခဲ့ပြီး နောက်ထပ် မိတ်ဆက်သွားမယ့် Motorola One Action ဟာလည်း One Vision နဲ့ဒီဇိုင်း ၊ Specs အတော်လေး ဆင်ပါတယ်။ ဒီဖုန်းနှစ်လုံးမှာ ကွာခြားချက်တစ်ခုက camera ပဲ ဖြစ်ပါတယ်။



Photo: Latest Phone Zone

         One Vision ဟာ ကျောဘက်ဟာ dual lens သုံးထားပေမယ့် Motorola One Action မှာ သုံးလုံးတွဲ ကင်မရာစနစ်နဲ့လာမယ်လို့ဆိုပါတယ်။ One Action ရဲ့ ကျောဘက်ကင်မရာ ၃ လုံးအကြောင်း မသိရသေးပေမယ့် main camera အဖြစ် 12.6MP sensor သုံးသွားမယ်လို့ဆိုပါတယ်။

         Motorola One Action ဟာ Sony ကနေ စတင် မိတ်ဆက်ခဲ့တဲ့ 21:9 cinematic screen ဒီဇိုင်း သုံးထားပြီး ဖုန်းကိုယ်ထည်ဟာ မြင်နေကျ စမတ်ဖုန်းတွေထက် အများကြီး ပိုရှည်တဲ့ ultra-wide display ဖြစ်လာပါတယ်။ ဒီဖုန်းဟာ punch hole display လို့ခေါ်တဲ့ ရှေ့ကင်မရာနေရာမှာ အပေါက်ဖောက်ထားတဲ့ ဒီဇိုင်း သုံးသွားမယ်လို့ဆိုပါတယ်။

         ဖုန်း screen ဘယ်ဘက် အပေါ်ထောင့်နေရာမှာ ရှိတဲ့ punch hole selfie ကင်မရာကလည်း 12.6MP ကင်မရာ ဖြစ်ပြီး fingerprint sensor ကိုတော့ ဖုန်းကျောဘက်မှာ ထည့်ပေးထားပါတယ်။ ကင်မရာ ၃ လုံးတွဲ သုံးထားပေမယ့် One Vision လို glass body မဟုတ်တော့ဘဲ ပလတ်စတစ်ကိုယ်ထည်နဲ့လာပြီး RAM/storage လည်း လျှော့သွားမယ်လို့ဆိုပါတယ်။

Photo: phoneradar

         processor ကိုတော့ Samsung ကနေ ထုတ်ထားတဲ့ Exynos 9609 processor ပဲ သုံးသွားမှာ ဖြစ်ပြီး RAM 3GB/4GB ၊ Storage ကိုတော့ 32/64/128GB ဆိုပြီး ၃ မျိုး ထွက်လာဖို့ရှိပါတယ်။ မျက်နှာပြင် ၆.၃ လက်မရှိတဲ့ ဒီဖုန်းဟာ 3500 mAh ဘက်ထရီ ပါလာဖို့ရှိပြီး Type C chraging စနစ် သုံးသွားမှာပါ။

         One Action ဟာ သူ့အရင်ထွက်ထားတဲ့ One Vision ထက် ဈေးပို သက်သာမှာ ဖြစ်ပြီး အပြာ ၊ ရွှေရောင်နဲ့အဖြူ ကာလာ ၃ ရောင်နဲ့ထွက်လာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က