မုန်းတဲ့သူတွေကို မေတ္တာမပျက်ပါဘူး။

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အေးအေးခိုင်ကတော့ သူမရဲ့ စိတ်နေစိတ်ထားကို ဘုရားအသိဆုံးမို့ မုန်းတဲ့သူတွေတိုင်းကို မေတ္တာမပျက်ခဲ့ပါဘူးတဲ့။ ဒုက္ခဆိုတဲ့ အရာကတော့ အနုပညာရှင်တွေလည်း ကြုံရမှာပဲဆိုတာကို ပြောပြခဲ့ပါတယ်။ 

Photo: Aye Aye Khaing



အေးအေးခိုင်ကတော့ လက်ရှိမှာ တရားစွဲဆိုခံထားရတဲ့ အမှုတစ်ခုကို ရင်ဆိုင်နေတာ တွေ့ရပါတယ်။ သူမရဲ့ အကြောင်းကို ဘုရားအသိဆုံးဖြစ်လို့ မေတ္တာ မပျက်ဘူးဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။ 

“အစ်မကလည်း လူထဲက လူပဲဆိုတော့ ဒုက္ခတွေဆိုတာ ကြုံရမှာပဲ။ သံသရာ ရထားကြီးလိုပေါ့နော် အချိန်တစ်ခုပါပဲ။ အစ်မတို့ကတော့ ကိုယ့်အကြောင်းကို ဘုရားသိတယ်၊ ကိုယ်စောင့်နတ်သိတယ်။ ကိုယ့်အပေါ် ချစ်တဲ့သူ၊ မုန်းတဲ့သူ အားလုံးကို မေတ္တာမပျက်ပါဘူး။ အစ်မရဲ့ ထမင်းရှင်တွေအားလုံးကိုလည်း အမြဲတမ်း ဆုတောင်းမေတ္တာပို့ပေးပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ က အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

Photo: Aye Aye Khaing

အေးအေးခိုင်ဟာ ဇာတ်ပို့သရုပ်ဆောင် လောကမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေပြေ နေတတ်တဲ့ သရုပ်ဆောင် တစ်ဦးပါ။ သူမရဲ့ ဒီလို စိတ်ဓာတ်လေးကို ဝိုင်းပြီး ချီးကျူးကြတဲ့ ပရိသတ်တွေလည်းရှိခဲ့ပါတယ်။ 

“ ကိုယ်ကတော့ လူတိုင်းအပေါ် ဖြူဖြူစင်စင်ထားပေမယ့် ကိုယ့်အပေါ်မှာ လူတိုင်းက ဖြူချင်မှလည်း ဖြူမယ်၊ ကိုယ်ကတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံတယ်။ ဒါတွေကို အရင်တုန်းကတော့ သိပ်မသိဘူး။ နောက်ပိုင်း ကျတော့မှ ဘဝဒဏ်တွေကို ရင်ဆိုင်လာရတာနဲ့ အမျှ နားလည်လာတာတွေတော့ရှိတာပေါ့။ အရာရာသည် ကိုယ့်စိတ်လည်းမဟုတ်ဘူး၊ ကိုယ်လုပ်လို့မရတဲ့အရာတွေမှန်း သိလာတော့ ကိုယ်က နည်းနည်းတော့ နောက်ကျသွားတာပေါ့” ဆိုပြီးတော့ အေးအေးခိုင်က ပြောပြခဲ့ပြန်ပါသေးတယ်။ 

Photo: Aye Aye Khaing

အေးအေးခိုင်ကတော့ ဟာသသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာပါဝင်ပြီး ပရိသတ်အားပေးမှု စတင်ရရှိလာခဲ့သူပါ။ သူ့မှာတော့ ဉာဏ်သွေးဟန် ဆိုတဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တစ်ယောက်တည်း အင်အားနဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လိ့ုလည်း သိရပါတယ်။ သားဖြစ်သူ ဉာဏ်သွေးဟန်ကလည်း ပညာရေးမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က