သူမရင်ထဲက အချစ်အကြောင်းလေးတွေ ပုံဖော်ပြောပြလာပါတယ်။

အချစ်ရေးသတင်းတွေမှာ အရမ်းကို တည်ငြိမ်လွန်းတဲ့ မင်းသမီးလေးကတော့ ယဉ်လက်ပါပဲ။ သူမရင်ထဲက လိုလားမှုရှိတဲ့ အချစ်ရေးကတော့ ချစ်ရတဲ့သူအပေါ် စိတ်ချမ်းသာစေချင်တဲ့ သဘောထားရှိတယ်လို့ဆိုပါတယ်။

Photo: Yin Let



ပရိသတ်အချစ်တော်မလေး သရုပ်ဆောင် ယဉ်လက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သူမရဲ့ ခံယူချက်လေးတွေကို Duwun Media အင်တာဗျူးမှာ ရင်ဖွင့်ပြောပြလာပါတယ်။ ချစ်ရတဲ့သူအပေါ် စိတ်ချမ်းသာစေချင်တယ်လို့ ဆိုပါတယ်။

“ လူတစ်ယောက်ကို ချစ်မိသွားလို့ရှိရင် အဲဒီလူ စိတ်ချမ်းသာဖို့အတွက် ဘာဖြစ်ဖြစ် လုပ်ရဲတယ်။ ဒီစကားက မှန်တယ်။ ချစ်ရတဲ့သူဆိုတာကလည်း ရည်းစားမှ၊ ချစ်သူမှ မဟုတ်ဘူး။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူ စိတ်ချမ်းသာဖို့အတွက်ပဲ တကယ်အရေးကြီးတာ။ ရည်းစားဖြစ်ဖြစ်၊ ချစ်သူဖြစ်ဖြစ် ရှိလာရင်လည်း အဲဒီလို စိတ်မျိုးဖြစ်လာမှာပါ။ ချစ်သူအဖြစ်တော့ မကြုံခဲ့ဖူးဘူး။ ချစ်ရတဲ့သူဆိုတာ မိန်းကလေးလည်းရှိတာပဲ၊ မိသားစုလည်းရှိတာပဲ” လို့ဆိုပါတယ်။

Photo: Yin Let

ယဉ်လက်ဟာ လက်ရှိမှာ ချစ်သူရည်းစားနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ သူမကိုယ်တိုင်လိုချင်တဲ့ အချစ်ရေးမျိုးကို ပိုင်ဆိုင်ချင်တဲ့အကြောင်း ပြောပြလာပါတယ်။

“ လူတစ်ယောက်က တစ်သတ်မတ်တည်း တစ်ယောက်တည်းတော့ နေမှာမဟုတ်ဘူး။ တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်များ ပိုင်ဆိုင်ခဲ့သည်ရှိသော် ဘယ်လို ပူလောင်တဲ့ ခံစားချက်မျိုးမှ မခံစားချင်ဘူး။ အခုလက်ရှိမှာလည်း ချည်ရမယ့်လူ မရှိသေးပါဘူး။ တစ်ချိန်ချိန်မှာတော့ ရှိလာမှာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ညက ချည်ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sue Kxet

သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၃ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အများကြီးပါ။




ဆက်စပ်အကြောင်းအရာများ

Share

က္က