ချင်းတွင်းသင်္ကြန်ဖွင့်ပွဲမှာ လူဦးရေ တစ်သောင်းနဲ့ နိုင်ငံတော် အလံကို ပုံဖော်သွားမှာပါ။

ချင်းတွင်းသင်္ကြန်ဖွင့်ပွဲမှာ လူဦးရေ တစ်သောင်းနဲ့ နိုင်ငံတော် အလံကို ပုံဖော်သွားမှာဖြစ်သလို သင်္ကြန်တွင်းမှာ နာမည်ကြီးအဆိုတော်တွေ၊ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ရှိမယ်လို့လည်း သိရပါတယ်။

hoto - Moe Khing fb

၂၀၁၉ခုနှစ်ချင်းတွင်းသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၃)ရက်နေ့မှ (၁၆)ရက်နေ့ထိ ချင်းတွင်းသောင်ပြင်မှာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာပါ။သင်္ကြန်ကာလရောက်ရှိဖို့ ရက်ပိုင်းသာလိုတော့တာကြောင့် ချင်းတွင်းသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက်ကိုလည်းယခုကတည်းကကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်။

ချင်းတွင်းသင်္ကြန်ကို ၂၀၁၈ခုနှစ်ကစပြီး ပထမအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး ယခုနှစ် ကျင်းပမယ့် ချင်းတွင်းသင်္ကြန်ကို လူစိတ်ဝင်စားမှု မြင့်တတ်နေတယ်လို့ မုံရွာမြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းက Duwun ကိုပြောပါတယ်။

“မနှစ်ကချင်းတွင်းသင်္ကြန်မှာဆိုင်ခန်း(၁၀၀)လောက်ဘဲရှိတာ ဒီနှစ်ကတော့ဆိုင်ခန်း(၄၀၀)လောက်ဖြစ်သွားတယ်။ဈေးရောင်းချင်တဲ့သူတွေများလာတာပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ အားကစားနည်းတွေကိုမနှစ်ထက်စာရင် ဖူဆယ်၊ပိုက်ကျော်ခြင်း၊ခြင်းလုံး၊မြင်းခင်းသဘင်စတဲ့ အားကစားနည်းတွေကိုတိုးထားတာကြောင့် ဒီနှစ်ချင်းတွင်းသင်္ကြန်ကလူထုစိတ်ဝင်စားမှုပိုများတယ်လို့ပြောကြားခဲ့တာပါ။”

လက်ရှိမှာလည်းပွဲတော်ရက်မတိုင်ခင်ကတည်းက လာရောက်လည်ပတ်တဲ့သူတွေနဲ့စည်ကားနေပြီလည်းဖြစ်ပါတယ်။




photo -Moe Khing fb

ဒီနှစ်မှာတော့မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲကိုပါကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

၂၀၁၉ခုနှစ်ချင်းတွင်းသင်္ကြန်ဖွင့်ပွဲအခမ်းအနားကိုသင်္ကြန်အကြိုနေ့ဧပြီ(၁၃)ရက်နေ့ မှာလူဦးရေ(၁၀၀၀၀)ခန့်ဖြင့်ဝါစိမ်းနီနိုင်ငံတော်အလံသရုပ်ဖော်ပြီးဖွင့်လှစ်သွားမှာလည်းဖြစ်ပါတယ်။

ဖွင့်ပွဲဖွင့်လှစ်ပြီးတာနဲ့တစ်ပြိုင်နက် ဖျော်ဖြေရေးအစီအစဉ်တွေအနေနဲ့ကတော့ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ အောင်ရင်၊ဖိုးကာ၊ ထွန်းအိန္ဒြာဗိုလ်၊လွှမ်းပိုင်၊ဖိုးချစ်၊နေမင်း၊ပိုပို၊ Bobby Soxer၊ မေကြည်အပါအဝင် တခြားအနုပညာရှင်များစွာကဖျော်ဖြေတင်ဆက်သွားကြမှာလည်းဖြစ်ပါတယ်။


photo- Pont Pont

ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ချင်းတွင်းသင်္ကြန်ဟာဆိုရင် သဲသောင်ပြင်မှာ သဲပန်းပုပြကွက်များကို ပြသခဲ့တဲ့အတွက် တစ်နိုင်ငံလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာာဖြစ်ပါတယ်။

Share

Loading Next Article...
က္က