သူကိုယ်တိုင် အားရကျေနပ်တဲ့ သီချင်းပါတဲ့။

နေဝင်း(Snare) ကတော့ " လူ့ သဘာဝ" ဆိုတဲ့ သီချင်း အသစ်ရဲ့ အဓိပ္ပာယ်ကို အခုလို ပြောပြလာပါတယ်။ 

Photo: Nay Win



အဆိုတော် နေဝင်း(Snare) ကတော့ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ထွက်လာမယ့် သီချင်း အသစ်လေးအကြောင်းပြောပြလာပါတယ်။ ဒီ သီချင်းလေးဟာ သူကိုယ်တိုင် အားရကျေနပ်ရလောက်တဲ့ အထိ ခံစားချက်အပြည့်နဲ့ ရေးသားထားတဲ့ သီချင်းပါလို့ အခုလို ပြောပြလာပါတယ်။ 

" ကျွန်တော့် သီချင်းအသစ် '' လူ့သဘာဝ'' ( 11.9.2020 ) ရက်နေ့ကြရင် JOOX မှာ စတင်နားဆင်လို့ရပါပြီ။ ကျွန်တော်မဆိုဘူးသေးတဲ့ပုံစံတစ်မျိုးကိုဆိုထားပါတယ် ဆိုပြီးတော့မှ ကိုယ့်ကိုကိုယ် အားရတယ် ကျေနပ်တယ် ။ အဲ့ဒီလိုနဲ့ ပရိသတ်ကိုပါနားထောင်စေချင်တဲ့စိတ်ဖြစ်လာလို့ တင်ဖြစ်သွားတာပါ။ အားရ/မရတော့ ( 11.9.2020 ) JOOX မှာနားထောင်ပြီးမှ ပြောပေးပါ" ဆိုပြီးတော့ စက်တင်ဘာလ(၆) ရက်နေ့ ညနေ (၄) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Nay Win

" လူ့သဘာဝ" ဆိုတဲ့ သီချင်းလေးအတွက် ပုံဖော်ထားတဲ့ ရုပ်ပုံလေးကိုလည်း အဓိပ္ပာယ်ရှိရှိ ရေးဆွဲထားတယ်လို့လည်း နေဝင်း(Snare) က အခုလို ပြောပြခဲ့ပါတယ်။ 

"ဒီ Profile ရဲ့ အဓိပ္ပါယ် နည်းနည်းပြောပြမယ်။ ပုံထဲမှာ ခြစ်ရာတွေက လူ့ဘဝဆိုတာ ရှုပ်လျှက်ခက်နေတယ်။ လူလေးတွေပြေးနေတာကတော့ လူတိုင်းကလောကဓံ ထဲမှာပြေးနေရတယ် လို့ ရည်ရွယ်ပါတယ်။ အကျဉ်းချုံး ဆိုရင် - ရှုပ်လျှက်ခက်နေတဲ့ ဘဝထဲမှာ လူတိုင်းကလောကဓံထဲမှာ ပြေးလွှားလှုပ်ရှားနေတယ်လို့ဆိုလိုပါတယ်ခင်ဗျ..." ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်
။ 

Photo: VD

နေဝင်း(Snare) ကိုတော့ Rap သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း တစ်ကိုယ်တော်အခွေ ထွက်ရှိပြီးသားဖြစ်သလို အဆိုတော် ဖြိုးလေးနဲ့ ပူးပေါင်းပြီး Snare အဖွဲ့ အနေနဲ့ သီချင်းအခွေတွေအများကြီး ထွက်ရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production နဲ့ ပူးပေါင်းပြီး သီချင်းအခွေတွေ၊ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေတာကိုလည်း တွေ့ရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က