အမှတ်တရတွေ အများကြီးပါ။

လူရွှင်တော် ကောင်းကျော်ကတော့ သူငယ်ချင်းဖြစ်သူ လူရွှင်တော်ရှဲဒိုးနဲ့ ပတ်သက်ပြီး သတိရမိတဲ့ အမှတ်တရလေးတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Kaung Kyaw

တစ်ချိန်က ရွှေညီကို ဆိုတဲ့ ဟာသလူရွှင်တော်အဖွဲ့ဟာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ လူရွှင်တော် အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲမှာ နှုတ်ခမ်းအရှည်ထားတတ်တဲ့ လူရွှင်တော် ရှဲဒိုးနဲ့ အမှတ်တရတွေကို ကောင်းကျော်က Duwun ကနေ ပြောပြလာပါတယ်။ 

“ ဦးတို့ အဖွဲ့ထဲမှာ ရှဲဒိုးရဲ့ နှုတ်ခမ်းမွှေးက အမှတ်တရပဲ။ သူကိုယ်တိုင်က နှုတ်ခမ်းမွှေးအရှည်ထားချင်တာလေ။ ဟာသလုပ်ရင်လည်း သူကမသာနေရာက နေရတာဆိုတော့ သူ့နှုတ်ခမ်းမွှေးကို ဘာလုပ်လုပ် လှုပ်လို့မရဘူး။ အဲဒီမှာ ဦးတို့က မသာနဲ့ နှုတ်ခမ်းမွှေး ကြည့်လို့မကောင်းဘူးဆိုပြီးတော့ နှုတ်ခမ်းမွှေးကို တစ်ခြမ်းတည်း ရိတ်ပစ်တာ ပရိသတ်အရှေ့ဆိုတော့ သူလှုပ်လို့မရတော့ မပြောဘူး။ နောက်ကွယ်ကျတော့ ဦးတို့ကို ဆဲတာပဲ။ ဒီလို ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေရှိပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Kaung Kyaw

ကောင်းကျော်ဟာ ကွယ်လွန်သွားတာ (၁၀) နှစ်ပြည့်တော့မယ့် သူငယ်ချင်းဖြစ်သူ ရှဲဒိုးကို အခုချိန်ထိ မမေ့နိုင်သေးဘူးလို့ ဆိုလာပါတယ်။ ရှဲဒိုးကတော့ ၂၀၀၉ ခုနှစ် ၁၂ လပိုင်းက ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။ 

“ အခုဆိုရင် သူကွယ်လွန်သွားတာ (၁၀) နှစ်ရှိပြီ။ အချစ်ဆုံး သူငယ်ချင်းလည်းဖြစ်သလို လွမ်းလည်း လွမ်းတယ်။ ပြီးတော့ သူက ဦးတို့အဖွဲ့မှာဆို ချွန်တွန်းလေ။ မိန်းမတွေ အချင်းချင်းကို ရန်တိုက်ပေးတယ်။ သူလုပ်ထားတဲ့ အလိမ်တွေ ပေါ်မှာစိုးလို့ လှည့်ပြီးတော့ ရန်တိုက်တာ။ ပြီးရင်လည်း လူရွှင်တော်အချင်းချင်းဖြစ်တဲ့ အစ်ကိုနဲ့ ဝိုင်းချစ်နဲ့ကိုသူက လှည့်ရန်တိုက်တာ။ နောက်ထပ် သူလုပ်တာ တစ်ခုရှိတယ် မိန်းမဆွဲကြိုး ခိုးပြီးတော့ ဖဲပေါင်ရိုက်တယ်၊ ဆိုင်ကယ်ဝယ်စီးတယ် ပြီးရင် ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောတာ။ ဒီကောင်က ချစ်စရာတော်တော်ကောင်းတယ်၊ စိတ်ထားလေးကလည်း တော်တော်ကောင်းတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kaung Kyaw

လူရွှင်တော် ရှဲဒိုးကိုတော့ မော့စ် ရဲ့ အမူအရာတွေကို အမြဲလုပ်ပြတတ်တဲ့ သူအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ သူဟာ ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့ကနေတဆင့် အငြိမ့်ပွဲတွေ လိုက်ကခဲ့သူ တစ်ယောက်ပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ 

ကောင်းကျော်ကိုတော့ လူရွှင်တော် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့သူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သဘင်အစည်းအရုံးရဲ့ ပြန်ကြားရေး တာဝန်ယူထားရတယ်လို့လည်း သိရပါတယ်။ 



Share

Loading Next Article...
က္က