ကွယ်လွန်ချိန်မှာ အသက် ၇၈နှစ်ရှိပြီလို့ သိရပါတယ်။

ပရိသတ်တွေကိုဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသသရုပ်ဆောင် ဦးမန်းဝင်းက သူချစ်တဲ့မိသားစုနဲ့ အနုပညာလောကကြီးကို အပြီးတိုင်နှုတ်ဆက်လို့ သွားခဲ့ပါပြီ။




Photo : မန်းဝင်း

ကျန်းမာရေး အခြေအနေ စိုးရိမ်နေရတဲ့ လူရွှင်တော် ဦးမန်းဝင်းက ဒီနေ့မနက်မှာဘဲ သူချစ်တဲ့ သူတွေအားလုံးကို နှုတ်ဆက်ထွက်ခွာ သွားခဲ့ပါပြီ။ ဦး‌နှောက် သွေးယိုစိမ့်မှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ဦးမန်းဝင်းဟာ ခွဲစိတ်ကုသမှု အပြီးမှာလည်း ကျန်းမာရေး အခြေအနေ စိုးရိမ်နေခဲ့ရတာဖြစ်ပြီး ဒီနေ့မနက်ပိုင်း(၆း၄၀)မှာ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ သားဖြစ်သူ ချမ်းသာမန်းဝင်းက Duwun ကိုပြောပါတယ်။

 


Photo : ဟေမာမန်းဝင်း

လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။

အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာ အရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။ ဦးမန်းဝင်းကတော့ ကွယ်လွန်ချိန်မှာ အသက်(၇၈)နှစ်ရှိပါပြီ။

မန်းဝင်းကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်း များစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က