ဂရီမီယို ပရိသတ်ပေါင်း သုံးသောင်းကျော်ဟာ ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံခဲ့ရတဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူးကြီးကို ထူးထူးခြားခြား ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

လူးဝစ္စ ဆွာရက်ဇ်ကို ဘရာဇီးလ်ကလပ် ဂရီမီယိုက ထူးထူးခြားခြားပုံစံနဲ့ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူးကို ပရိသတ်ပေါင်း သုံးသောင်းကျော်က တက်ရောက်အားပေးခဲ့ကြပါတယ်။

လီဗာပူးလ်နဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့လမှာ ကလေးဘဝ ကလပ်အသင်းဖြစ်တဲ့ ဥရုဂွေးကလပ် နေစီယွန်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကောလာဟလတွေ ရက်သတ္တပတ်အတော်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ လူးဝစ္စ ဆွာရက်ဇ်က ဘရာဇီးလ် စီးရီးအေကလပ်အသင်းဖြစ်တဲ့ ဂရီမီယိုနဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဂရီမီယို အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ချိန်မှာ ဆွာရက်ဇ်က အင်စတာဂရမ်ပေါ်မှာ "ဂရီမီယိုက ဒီကောင်းမွန်တဲ့ စိန်ခေါ်မှုအတွက် အဆင်သင့်ပဲ။ အဲဒီမှာ ရှိနေပြီး ပျော်ရွှင်ခံစားဖို့အတွက် စောင့်မျှော်နေတယ်"လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂရီမီယို ပရိသတ်ပေါင်း သုံးသောင်းကျော်ဟာ ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံခဲ့ရတဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူးကြီးကို ထူးထူးခြားခြား ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးက ဥမင်လျှောက်လမ်းထဲက ထွက်လာချိန်မှာ ပရိသတ်အုပ်ကြီးဟာ ၎င်းတို့ရဲ့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ဘဲ ကျယ်ကျယ်လောင်လောင်ကို အားပေးခဲ့ကြတာဖြစ်ပြီး ဥရုဂွေးတိုက်စစ်မှူးဟာ ၎င်းကို ကြက်သီးထဖွယ်ကြိုဆိုမှုကြောင့် အံ့အားသင့်ပျော်ရွှင်ခဲ့ပါတယ်။ "ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ မယုံနိုင်ဖွယ် ကြိုဆိုမှုပါ။ ခင်ဗျားတို့ ကျွန်တော့်ကို ဒီနေ့လိုမျိုး ခံစားရစေခဲ့တဲ့အတွက် နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ သွားကြစို့ ဂရီမီယို"လို့ အင်စတာဂရမ်မှာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က