ဇာရာဂိုဇာအသင်းက နာမည်တူတိုက်စစ်မှူးပါ။

တောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီကလည်း ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး အနားယူရမှာဖြစ်လို့ ဘာစီလိုနာတိုက်စစ်ပိုင်းအတွက် ကစားသမားဖြည့်တင်းဖို့က လိုအပ်နေတာဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းဟာ ရီးရဲလ်ဇာရာဂိုဇာအသင်းတိုက်စစ်မှူးလူးဝစ္စဆွာရက်ဇ်ကို ဒဏ်ရာကြောင့်အနားယူနေရတဲ့ တိုက်စစ်မှူးဆွာရက်ဇ်နေရာမှာ အစားထိုးဖို့အတွက် စောင့်ကြည့်နေတယ်လို့ စပိန်နာမည်ကျော်သတင်းစာ AS က ဖော်ပြသွားခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသူဖြစ်ပြီး ရာသီကုန်ခါနီးမှ ပြန်လည်ကစားနိုင်မှာဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် ဘာစီလိုနာက ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ပြင်ဆင်ခဲ့ပေမယ့်လည်း မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ အခြားတောင်ပံတိုက်စစ်ကစားသမားဒမ်ဘီလီကလည်း ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး အနားယူရမှာဖြစ်လို့ ဘာစီလိုနာတိုက်စစ်ပိုင်းအတွက် ကစားသမားဖြည့်တင်းဖို့က လိုအပ်နေတာဖြစ်ပါတယ်။ 

အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းသွားပြီဖြစ်ပေမယ့်လည်း ဘာစီလိုနာက အရေးပေါ်ခေါ်ယူခွင့်ရရှိမယ့် အခွင့်အရေးကို အသုံးပြုသွားဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဇာရာဂိုဇာအသင်းကို ဝက်ဖို့ဒ်ကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ဆွာရက်ဇ်က အသက် ၂၂နှစ်အရွယ်သာရှိသေးပြီး ၂၄ ပွဲမှာ ၁၄ဂိုးအထိ သွင်းယူပေးထားကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ 

အသင်းရဲ့တိုက်စစ်ပိုင်းပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် ဘာစီလိုနာက လက်ရှိအချိန်ထိ ကြိုးစားနေတာဖြစ်ပြီး အငှားနဲ့ခေါ်ယူသွားဖို့မျှော်လင့်နေပါတယ်။ ဝက်ဖို့ဒ်ကတော့ ဥရုဂွေးတိုက်စစ်ကစားသမားကို အပြီးသတ်ရောင်းချသွားဖို့ ဆန္ဒမရှိဘူးလို့ သိရပြီး လူးဝစ္စဆွာရက်ဇ်အနေနြ့ ဂရန်နာဒါအသင်းမှာလည်း အငှားနဲ့ကစားခဲ့ဖူးတယ်လို့ သိရပါတယ်။ 

Share

က္က