ဆွန်ဟောင်မင်ရရှိအောင် ကူညီကြဖို့ပါ ညွှန်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့တုန်းက နည်းပြအန်တိုနီယိုကွန်တီရဲ့ ပြောစကားတွေကြောင့် အားဖြစ်ခဲ့ရပြီး ရယူနိုင်ခဲ့တာလို့ ဆွန်ဟောင်မင်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ဆွန်ဟောင်မင်ဟာ ပင်နယ်တီသွင်းဂိုးလုံး၀မပါဘဲ ၂၃ ဂိုးအထိ သွင်းယူပြီး ရွှေဖိနပ်ဆုကို ဆာလာနဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ပြီး ရာသီနောက်ဆုံးပွဲတွေက တကယ်ကို စိတ်လှုပ်ရှားစရာတွေဖြစ်ခဲ့ရပါတယ်။ 

နော်ဝှစ်ချ်နဲ့ပွဲမှာ စပါးက ပထမပိုင်းကို ၁-၀ နဲ့သာ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်က ဆာလာရဲ့နောက်မှာသာ ရှိနေခဲ့ရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဆွန်က ဒုတိယပိုင်းမှာ ၂ ဂိုးအထိသွင်းယူခဲ့ပြီး စပါးကလည်း ၅-၀ နဲ့ အနိုင်ရခဲ့ကာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တနေရာကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

တောင်ကိုရီးယားမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဆွန်ဟောင်မင်က "ရွှေဖိနပ်ဆုရခဲ့လို့ ကျနော်ပျော်ရွှင်ခဲ့ပါတယ်၊ ဒါပေမယ့် အသင်းဖော်တွေကလည်း ဒီအတွက် ကြည်နူးနေတယ်ဆိုတာကို သိရလို့ ပိုပြီးဝမ်းသာခဲ့ရပါတယ်၊ ဘော့စ် (ကွန်တီ) ကတော့ ရွှေဖိနပ်ဆုအကြောင်းမစဉ်းစားခဲ့ပါဘူး၊ သူက ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်နေခဲ့တာပါ"

"ဒါပေမယ့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ သူက ဆွန်နီဂိုးတွေသွင်းပြီး ရွှေဖိနပ်ဆုရအောင် ကူညီပေးကြဖို့ အသင်းကိုပြောဆိုခဲ့ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ဆီကနေ အဲဒီစကားသံကြားရလို့ ကျနော်ပီတိဖြစ်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်ဂိုးသွင်းဖို့ အခွင့်အရေးမရခဲ့ဘူး၊ ဒါပေမယ့် သူ့ဆီက ပြောတာကိုကြားခဲ့အပြီး ဝမ်းမြောက်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ကတော့ ဒုတိယပိုင်းမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့လို့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသောအာရှသားအဖြစ်နဲ့ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က