ယူနို်က်တက်အနေနဲ့ ပေါ့ဘာကို သေချာပေါက်လက်လွှတ်ရဖို့ရှိနေပါတယ်။

လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်သူ ဆက်ဂ်ညာက ပေါ့ဘာရွေးချယ်နိုင်တဲ့အခြေအနေကို သုံးသပ်ပြောဆို လိုက်တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ပေါ့ဘာအနေနဲ့ အနာဂတ်အ သင်းသစ်အဖြစ် ရီးရဲလ်အသင်းအစား ဂျူဗင်တပ်အသင်းကိုပဲ ရွေးချယ်ဖို့ရှိနေတယ်လို့ ပြင်သစ်လက်ရွေးစင်အ သင်းဖော်ဟောင်းဖြစ်သူ ဆက်ဂ်ညာရဲ့ မှတ်ချက်ပြုပြောဆိုမှုကို thesun က ဖော်ပြလာပါတယ်။

နည်းပြဆိုးလ်ရှားနဲ့အကြား အဆင်မပြေမှုများကြောင့် အသင်းကနေထွက်ခွာဖို့ရှိနေတဲ့ ပေါ့ဘာကို ခေါ်ယူလိုတဲ့ အသင်းများတွင် အသင်းဟောင်းဂျူဗင်တပ်အသင်းအပါအဝင် နည်းပြဇီဒန်းရဲ့ ရီးရဲလ်အသင်းကပါ စိတ်ဝင်စား နေတာလည်းဖြစ်ပါတယ်။



“ ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်ကိုပဲရွေးချယ်ဖို့များပါတယ်။ အသင်းဟောင်းဖြစ်တဲ့အပြင် လူငယ်ကစားသမားတွေ အများစုရှိနေသလို စီရော်နယ်ဒိုကြောင့်လည်း ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေနိုင်ပါတယ်။ ရီးရဲလ်ကတော့ ၀ါရင့် ကစားသမားအားလုံးအသက်အရွယ်ရနေပြီဆိုတော့ ရွေးချယ်နိုင်ခြေနည်းပါတယ်”လို့ဆက်ဂ်ညာကသုံးသပ် ပြောဆိုလိုက်တာပါ။

အပြောင်းအရွှေ့အတွက် ကစားသမားဘက်က တစ်စုံတစ်ရာမှတ်ချက်ပြုထားခြင်းမရှိပေမယ့် ဂျူဗင်တပ်နဲ့ရီးရဲ လ်နှစ်သင်းလုံးကတော့ လာမယ့်အပြောင်းအရွှေ့ကာလအတွင်းတရားဝင်ကမ်းလှမ်းမှုများပြုလုပ်ဖို့ရှိနေတယ်လို့ လည်း သုံးသပ်မှုတွေရှိနေခဲ့တာပါ။

ပေါ့ဘာအနေနဲ့ ဂျူဗင်တပ်ဂျာစီဝတ်ဆင်ပြီး သီးသန့်လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ တဲ့ ပြင်သစ်လက်ရွေးစင်အသင်းဖော် မာတူဒီကို ရည်ရွယ်ခဲ့တာလို့ ဆိုထားခဲ့သလို အေးဂျင့်ဖြစ်သူရွိုင်အိုလာက တော့ ရီးရဲလ်အသင်းဆီ ကမ္ဘာ့အဆင့်ကစားသမားတွေပို့ဖို့ရှိတယ်လို့ အရိပ်အမြွတ်ပြောဆိုထားမှုတွေကြောင့် စိတ်လှုပ်ရှားစရာအပြောင်းအရွှေ့လည်း ဖြစ်လာခဲ့ပါတယ်။

Share

Loading Next Article...
က္က