လူရွှင်တော်ကြီးတွေရဲ့ဘ၀အတွက် ခံစားချက်တွေနဲ့‌ပြောပြလာတာ‌ဖြစ်ပါတယ်

သက်ကြီးလူရွှင်တော်ကြီးများက ဟာသပြက်လုံးများနဲ့ ပရိသတ်တွေကို ရယ်မောအောင်ဖန်တီးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ သူတို့ရဲ့ ဘ၀ဟာမလှပကြပါဘူး၊

ယခုအချိန်ထိအိမ်ပိုင်ယာပိုင်မရှိသလို ချမ်းသာတဲ့လူရွင်တော်ကြီးတွေလည်း မရှိခဲ့ပါဘူးလို့ ဟာသသရုပ်ဆောင်ချစ်စုက Duwun ကိုပြောပြခဲ့ပါတယ်၊ 


"လူရွင်တော်ကြီးတွေက ရယ်စရာတွေအများကြီးပြောခဲ့တယ်၊ သူတို့ရဲ့ ပြတ်လုံးတွေနဲ့ ပရိသတ်တွေအများကြီး ရယ်ခဲ့ကြတယ်၊တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်သလို တစ်ရက်မက အသက်ရှည်ဖို့ဟာသတွေနဲ့ ပေးဆပ်ခဲ့ကြတယ်၊ ဒါပေမယ့် သူတို့တွေရဲ့ ဘ၀ကို သေချာသိရင် အရမ်းရင်နာစရာကောင်းတယ်၊ တစ်ဘဝလုံးဒီအလုပ်နဲ့ ဖြတ်သန်းခဲ့ပေမယ့် အိမ်ပိုင်ယာပိုင်မရှိတဲ့သူတွေအများကြီးပဲ။ ကျွန်တော်က အဖေပေးတဲ့ ပညာနဲ့ ရှာစားလို့အဆင်ပြေပါတယ်။ သို့သော်လည်း ကျွန်တော်ထက်အဆင်မပြေတဲ့သူတွေရှိနေလို့ အလှူခံနေရတာပါ။ အောက်ခြေသိမ်းအကုန်လိုက်လုပ်ပေးနေတာပါ။ လုပ်နိုင်တဲ့ သူရှိရင်ထားခဲ့မှာပါ။ လုပ်ချင်တဲ့သူရှိရင်ကျွန်တော်ဖယ်ပေးမယ်။ အလှူခံစားရမယ့်အထဲမှာ ကျွန်တော်မပါဘူး။ တစ်သက်လုံးလည်းအလှူခံမစားခဲ့ဘူး၊ နောင်လည်းစားမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာသပညာရှင်များက ချမ်းသာတဲ့ သူမရှိပါဘူး။ ကျွန်တော်တို့ဟာသပညာရှင်ကြီးတွေ တစ်နှစ်ထက်တစ်နှစ် တဖြည်းဖြည်းလျော့လာပါပြီ။ တကယ့်ပညာရှင်ကြီးတွေဆုံးရှုံးလာပါပြီ။ အဖေကြီးလူရွှင်တော်တွေ သေရင်ဘ၀လှပဖို့ ကိုယ့်အမျိုးက ကိုယ်ကစောင့်ရှောက်မှရမှာ၊ ကျွန်တော်တို့လူရွှင်တော် ကျွန်တော်တို့ပြန်စောင့်ရှောက်မှရမှာ အဲ့ဒီအတွက်ဝိုင်းဝန်းထိန်းသိမ်းပေးကြပါ။ စောင့်ရှောက်ပေးကြပါလို့ ပရိသတ်တွေကိုမေတ္တာရပ်ခံပါတယ် " လို့ပြောပြခဲ့ပါတယ်၊ 

Photo-Chit Su FB

ဟာသ သရုပ်ဆောင် ချစ်စုက လက်ရှိမှာ ဟာသပညာရှင်များအစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေပြီး အစည်းအရုံးရဲ့ တာဝန်ကို လုပ်နိုင်တဲ့သူရှိပါက ဝမ်းသာစွာ ထွက်ပေးသွားမယ်လို့ပြောပြခဲ့ပါတယ်။ 

"မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူရွှင်တော်အားလုံး အစည်းအရုံးထဲကို ဝင်လာပြီဆိုရင် ကျွန်တော်ထွက်မယ်။ ၀မ်းသာလို့ထွက်မယ်။ လုပ်နိုင်တဲ့လူရှိရင် ကျွန်တော်ဖယ်ပေးမယ်။ အခုလောလောဆယ် ကျွန်တော်အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ အတွင်းရေးမှူးဆိုပေမယ့် တောက်တိုမယ်ရအကုန်လုပ်တယ်။ ကျွန်တော်နိုင်တဲ့ဘက်က အကုန်လုပ်တယ်၊ကျွန်တော်က တာဝန်နဲ့လုပ်တာမဟုတ်ဘူး။ ၀တ္တရားနဲ့လုပ်တာ။ တာ၀န်ဆိုတာ ခိုင်းမှလုပ်တာ။ ၀တ္တရားဆိုတာအသိစိတ်နဲ့ လုပ်တာ။ လုပ်သင့်တယ်ထင်တဲ့ဟာတွေအကုန်လုပ်တယ်။ ကျွန်တော်က အမှန်အတိုင်းပြောရရင် ဟာသလူရွှင်တော်မှမဟုတ်ဘူး။ အောက်ခြေလူတန်းစားအကုန်လုံးကိုကူညီချင်တယ်။ နှဲဆရာ၊ ကြေးတီးမောင်းတီး၊ ဇာတ်ထဲမှာဆို ယိမ်းသမလေးတွေ၊ မီးထိုး၊ မှန်ထိုးကအစ ကိုလူချောအဖွဲ့ အဲဒီလိုလူတွေအများကြီးကို ကူညီပေးချင်တယ်။ အဲလောက်ကူညီပေးနိုင်လောက်အောင်ချမ်းသာရင်လည်းကောင်းမယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီလောက် ကူညီပေးနိုင်လောက်အောင် လုပ်ခွင့်ရှိနေရင်လည်း ကောင်းမယ်။ အဲဒီလိုမျိုးဆန္ဒရှိတယ်။ ဒါပေမယ့်ကိုယ်နိုင်သမျှ၊ လူခွင့်ရှိသမျှ၊ ကိုယ်ကျန်းမာရေးကောင်းနေသမျှ လုပ်နေမယ်။ လုပ်ခွင့်မရတော့ဘူး ကျန်းမာရေးမကောင်းတော့ဘူးဆိုရင်တော့နားမယ်။ လုပ်နိုင်တဲ့သူကိုရှာပေးမယ်။ မလုပ်နိုင်တဲ့သူကိုတော့မျက်နှာကြောင့်တစ်ခုတည်းနဲ့တော့မထားဘူး။" လို့လည်း ပြောပြခဲ့ပါတယ်။ 

Photo-Chit Su FB

ဟာသသရုပ်ဆောင်ချစ်စုက ဟာသလူရွင်တော်ကြီးတွေရဲ့ ဘ၀ကိုထင်ဟပ်စေတဲ့ 'ပြုံးနေပေးပါ ဟာသဆရာ' တေးသီချင်းကို ကိုယ်တိုင်ရေး၊ဆို ကာထွက်ရှိထားခဲ့ပြီး ပရိသတ်အားပေးမှုရရှိခဲ့တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်၊ ဟာသ သရုပ်ဆောင် ချစ်စုက ဟာသလူရွှင်တော်ကြီး ဥ◌ီးပေါ်လေးရဲ့သားဖြစ်ပြီး အသက် ၁၄ နှစ်မှာလူရွှင်တော်စလုပ်ခဲ့ကာ အသက် ၁၈ နှစ်အရွယ်မှာတော့ ရုပ်ရှင်ဇာတ်ကားတွင် စတင်သရုပ်ဆောင်လာခဲ့တာြဖစ်ပါတယ်။




Share

Loading Next Article...
က္က