''ရှေ့သွားနောက်လိုက်''ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဒါရိုက်တာ စတီးလ် ပုံဖော်ထားတဲ့ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ‘’ရှေ့သွားနောက်လိုက်’’ ရုပ်ရှင်ကားကြီးကို လူငယ်ပရိသတ်တွေက ပိုစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

photo: steel



ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကတော့ ‘’ရှေ့သွားနောက်လိုက်’’ဆိုတဲ့ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖြစ်တဲ့ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။ ဒီဇာတ်ကားလေးကနေတဆင့် လူငယ်တွေအတွက် ကောင်းမွန်တဲ့ မက်ဆေ့ချ်လေးတွေ ပေးချင်တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေဖြေဆိုခဲ့ပါတယ်။

‘’ဒီဇာတ်ကားထဲမှာတော့ လူငယ်တွေ အလျှောက်ပျော်တဲ့ ကိစ္စလေးတွေ များသွားတာရှိမယ်။ အဲဒီအချိန်မှာ ကိုယ့်မိဘတွေကို မေ့လျော့တာလေးတွေရှိမယ်လို့ တွေးမိတယ်။ အဲဒါလေးတွေကို ပြန်ပြီးတော့ သတိရသွားစေချင်တယ်။ ကိုယ့်ရဲ့မိဘ နှစ်ပါးကို အနီးအနားမှာနေပြီး ဂရုစိုက်စေချင်တယ်။အဲဒီအရာလေး တစ်ခုနဲ့ ဒီ ဇာတ်ကားလေးကို ရိုက်ဖြစ်သွားတာပါ’’ လို့ ဆိုပါတယ်။

photo: steel

လက်ရှိ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာတော့ အများအားဖြင့် ဟာသဇာတ်ကားနဲ့ အက်ရှင်ဇာတ်ကားတွေ ပြသနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒါရိုက်တာ စတီးလ်က မိဘမေတ္တာဖွဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်မိတယ်လို့ ဆိုပါတယ်။

‘’ မိဘမေတ္တာဖွ့ဲ ဇာတ်ကားတွေက ကျွန်တော်တို့ ဒီ ရုပ်ရှင်တွေမှာ ပျောက်နေသလားလို့ ခံစားမိတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားရိုက်ထားတာ ၂၀၁၆ ကတည်းကရိုက်ခဲ့တာ တစ်နှစ်ကျော်လောက်ဆိုရင် ဒီဇာတ်ကားမျိုး မရှိလောက်ဘူး။ ဒီဇာတ်လမ်းမျိုးလေးတော့ ပရိသတ်ကြိုက်မယ်ထင်ပြီး အရဲစွန့်ပြီးလုပ်ခဲ့တာပေါ့နော်။ စိုးရိမ်စိတ်ရှိနေတုန်းပါပဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

photo: steel

‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်ကားကြီး ထွေလာကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့ လူငယ်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ ပိုရခဲ့တယ်လို့ ဒါရိုက်တာ စတီးလ် က ပြောပါတယ်။

‘’ လက်ရှိ လူငယ်တွေကြား ရေပန်းစားနေတာကတော့ ဟာသကားတွေ၊ အက်ရှင်တွေ၊သရဲကားတွေ ကြည့်နေကြတဲ့အချိန်မှာ ဒီလို ဇာတ်ကားမျိုးကို ကြည့်ပါ့မလားပေါ့။ ဒါပေမယ့် ကြည့်လိုက်တဲ့အခါမှာ လူငယ်တွေ အားပေးတာများတယ်။ Comment ရေးပေးပါ ဆိုတော့လည်း လူငယ်တွေ Comment ရေးပေးတာများတယ်။ ဒါကြောင့် သေချာပေါက် လူငယ်တွေ ကြိုက်မယ့် ဇာတ်ကား တစ်ကားဖြစ်တယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

photo: steel

ရှေ့သွားနောက်လိုက် ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ဘာလ ၂၆ ရက်နေ့ က ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) (Steel)ကတော့ အက်ရှင်ဇာတ်ကားကောင်းတွေ၊ အက်ရှင်ဒရာမာ ဇာတ်ကားကောင်းတွေကို ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိနေကြပြီဖြစ်ပါတယ်။ သူဟာ ‘’တောကျီးကန်း’’ ၊ ‘’ခိုးဆိုးလုနှိုက်’’၊ ‘’ပွဲခံမယ်’’စတဲ့ ရုပ်ရှင်ဇာတ်ကားတွေအပြင် နောက်ထပ် ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုလည်းရိုက်ကူးထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က