လူငယ်ရပ်ကွက်ဆိုတဲ့ အမည်နဲ့ ကျင်းပတာပါ။

အသက် ၁၅ နှစ်ကနေ ၂၉ နှစ် လူငယ်တွေ အချင်းချင်း ဝါသနာ၊ အတွေ့အကြုံတွေကို မျှဝေနိုင်ဖို့ ရည်ရွယ်ပြီးတော့ လူငယ်ရပ်ကွက်ဆိုတဲ့ ပွဲကို မေလ ၁၁ ရက်က Goethe-Intitute မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ လူငယ်တွေရဲ့ Street Performance တွေ၊ ဂရပ်ဖစ်တီရေးဆွဲတာတွေ၊ လူငယ်တွေရိုက်ကူးထားတဲ့ ဓာတ်ပုံပြပွဲတွေ ၊ ပလတ်စတစ်လျှော့သုံးဖို့ ကမ်ပိန်းတွေအပြင် နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ လူငယ်တွေရဲ့ စကားဝိုင်းဆွေးနွေးပွဲတွေပါ ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။

“ ဒီပွဲက Youth ရပ်ကွက် ဆိုတဲ့ နာမည်အတိုင်းပဲ။ လူငယ်တွေ စုစည်းထားတဲ့ နေရာလေးကို ရောက်သွားသလို ခံစားရတယ်။ ဒီပွဲမှာ လူငယ်တစ်ဦးချင်းစီရဲ့ ဝါသနာတွေကို သိနိုင်တယ်။ ခံစားချက်တွေကို သိနိုင်တယ်။ “ လို့ ဓာတ်ပုံပြပွဲမှာ ပါဝင်ရိုက်ကူးထားတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ဒါရာက Duwun ပြောပါတယ်။

ယခုပွဲကို Goethe-Institute နဲ့ Myanmar Survey Research တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ကိုအောင်ခန့်၊ လူငယ်ရေးရာ တက်ကြွလှုပ်ရှားသူ မသဉ္ခာရွန်းလဲ့ရည်၊ ဟစ်ပ်ဟော့ပ်အဆိုတော် Mikis Weber၊ Side Effect အင်ဒီဂီတဝိုင်းရဲ့ အဆိုတော် Darko C၊ Impact Hub Myanmar တည်ထောင်သူကိုဥက္ကာမျိုး၊ #beingyounginmm ဓာတ်ပုံပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့သူ နှစ်ဦး တို့က စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ပေးခဲ့တာပါ။

“အဓိက စိတ်ဝင်စားတာက Panel Disscusion ပါ။ ဒီမှာဆိုရင် ဘာခေါင်းစဉ်နဲ့ ဆွေးနွေးမလဲ မပြောထားဘဲနဲ့ နယ်ပယ်ပေါင်းစုံက လူငယ်တွေပါတယ်။ သူတို့ရဲ့ အတွေးအမြင်၊ စိတ်ကူးစိတ်သန်းတွေကိုသိနိုင်မယ်။ ဒါကို စိတ်ဝင်စားလို့ လာခဲ့တာပါ” လို့ ရန်ကုန်တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်တဲ့ ယွန်းပွင့်မေသူက Duwun ကို ပြောပါတယ်။

ဒီနေ့ပွဲကတော့ လူငယ်တွေအတွက်ရည်ရွယ်ပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ပွဲလည်းဖြစ်ပြီး မိမိနှစ်သက်ရာ ဝါသနာတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်ရဖို့၊ အခွင့်အလမ်းတွေကို တစ်ဦးနဲ့ တစ်ဦးမျှဝေနိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတဲ့ ပွဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က