ပစ္စည်းလုယက်ပြိး ရိုက်နှက်ခံရတာကနေ သေဆုံးခဲ့တဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားရဲ့ နာရေးကို ဒီဇင်ဘာ ၂၇ ရက်နေ့နေ့လယ် ၁ နာရီမှာ ကသဲသုသာန်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဓါတ်ပုံ-ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီလောက်မှာ ရတနာပုံတက္ကသိုလ်၊ကုန်ထုတ်ဓာတုဗေဒနောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်းကို လူလေးဦးကပိုက်ဆံအိတ်လုယက်ပြီးတော့ ဓါးနဲ့ ထိုးသတ်ခဲ့တာဖြစ်ပါတယ်။
ဓါးထိုးခံရတဲ့ကျောင်းသားက မန္တလေးပြည်သူ့ဆေးရုံကြီးကို တက်ရောက်ကုသနေစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီးတော့ လုယက်သူတွေက ဆိုင်ကယ်နှစ်စီးနဲ့ လူ ၄ ဦးလာရောက်ပြီးလုယက်ခဲ့တာဖြစ်ပါတယ်။
လုယက်လူသတ်ခဲ့တဲ့တရားခံတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။လုယက်လူသတ်ခဲ့တဲ့ လူလေးဦးကိုတော့ အမရပူရရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ရတနာပုံတက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေများစွာလိုက်ပါပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုသေဆုံးခဲ့ရတဲ့ ကျောင်းသားနဲ့ပါတ်သတ်ပြီးတော့ လူမှုကွန်ယက်မှာဝေဖန်မှုမြင့်တက်နေတဲ့နည်းတူ တက္ကသိုလ်ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက်လည်း များစွာစိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်