မြို့နယ်အလိုက် အသိပေးတာတွေလုပ်ဆောင်နေပါပြီ။

၂၄နာရီဖွင့်တဲ့ convenience စတိုးဆိုင်တွေကို ည ၉ နာရီထိသာ ဖွင့်ဖို့ ညွှန်ကြားထားပြီလို့ ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇာနည်ဝင်းက Duwunကိုပြောပါတယ်။

ညွှန်ကြားချက်တွေကို ဒီနေ့ဧပြီလ ၈ ရက်နေ့ ည၉ နာရီက စတင်ပြီး လိုက်နာ ကျင့်သုံးရမှာ ဖြစ်ပြီး မလိုက်နာပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

" အခုလို (၂၄)နာရီဖွင့်တဲ့ ဆိုင်တွေမှာ လုယက်တာတွေဖြစ်နေတယ်။ အခုလိုဖြစ်နေတာတွေရှိလို့ အစ်ကိုတို့မြို့နယ်မှာလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ညလုံးပေါက်ဖွင့်တဲ့ဆိုင်တွေကို ည (၉)နာရီပိတ်ပါဆိုပြီး ရပ်ကွက်တိုင်းမှာလိုက်ပြီး အသိပေးနှိုးဆော်နေတာဖြစ်တယ်" လို့ ကြည့်မြင်တိုင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇာနည်ဝင်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်တွေမှာဖွင့်ထားတဲ့ ဆိုင်အားလုံးကို ၉နာရီဆိုတာနဲ့ပိတ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပြီး ကမာရွတ်နဲ့လှိုင်သာယာတွေမှာလည်း အလားတူ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

" မနေ့ကညကစပြီး ဖုန်းနဲ့ဆက်သွယ်အကြောင်းကြားလာတယ်။ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့ကတော့ မြို့နယ်အလိုက်မှာရှိတဲ့ ဆိုင်တွေကို လိုက်ပြီး အသိပေးတာတွေလုပ်နေပါတယ်" လို့ ကြည့်မြင်တိုင် သရက်တော တောင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က Duwun ကိုပြောပါတယ်။ 

အခုလို ညွှန်ကြားရတာကတော့ Covid 19 ကိုအကြောင်းပြုပြီး ဆိုင်တွေမှာ မျက်နှာဖုံးစွတ်ပြီး လုယက်တာတွေဖြစ်လာတာကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က