လှိုင်သာယာမြို့နယ်မှာ အလုပ်မှပြန်လာသူတစ်ယောက်ကို ဓားထောက်လုယက်မှုကျူးလွန်သူတဲ့သူကို လှိုင်သာယာမြို့မရဲ စခန်းက လိုက်လံဖမ်းဆီးစဉ်မှ ရဲတပ်ဖွဲ့ဝင်တွေကို ဓားဖြင့်ရန်ပြုတိုက်ခိုက်တာကြောင့် သေနတ်နဲ့ အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
Photo - Yangon Police
ဇူလိုင်လ ၂၈ ရက်နေ့ မနက်စောစော ၁ နာရီအချိန်လောက်က စက်မှုဇုန်လုံခြုံရေးဝန်ထမ်းကိုနိုင်လင်းက အလုပ်ပြီးလို့ နေအိမ်သို့ပြန်လာတဲ့အချိန်မှာ စက်မှုဇုန်(၂)၊ ဦးရွှေအိုးလမ်းကို အရောက်လူတစ်ယောက်က ကိုနိုင်လင်းရဲ့လည်ပင်းကို ဓားဖြင့်ထောက်ပြီး ငွေ ၂၀၀၀၀ကျပ် လုယူဖို့ကြိုးစားခဲ့ပါတယ်။
အဲ့ဒီနောက် ကိုနိုင်လင်းက ငွေတွေကို ပြန်လည်ဆွဲယူခဲ့တာကြောင့် လုယက်မှုကျူးလွန်သူက ဓားနဲ့ ရန်ပြုတိုက်ခိုက်တာကြောင့် ကိုနိုင်လင်းရဲ့ လက်ဝဲဘက်တံတောင်ဆစ်တွင် ပြတ်ရှဒဏ်ရာရှိခဲ့လို့ တိုင်တန်းချက်အရ လှိုင်သာယာမြို့မ ရဲစခန်း(ပ)၂၇၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
Photo - Yangon Police
အဲ့ဒီနောက် အခင်းဖြစ်ပွားတာကို သိလျင်သိခြင်း လုယက်မှုကျူးလွန်သူကို ဖမ်းဆီး
ရမိရေးအတွက် လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက
သက်သေတွေနဲ့ အတူ လိုက်လံရှာဖွေခဲ့ရာမှာ စက်မှုဇုန် (၃)၊ ဦးမြဲလမ်းထဲမှာ
လုယက်မှုကျူးလွန်ထားသူကို ဓားကိုင်ဆောင်ထားလျက် တွေ့တာကြောင့်
အသာတကြည်အဖမ်းခံရန် ပြောဆို ခဲ့ပေမယ့် အဖမ်းမခံဘဲ
ကိုင်ဆောင်ထားသော အရိုးအသွား(၁၀)လက်မခန့် ဓားနဲ့ ခုခံရန်ပြုခဲ့ပါတယ်။
ဒါကြောင့် ရဲတပ်ကြပ် ဇေယျာဖြိုးက ကိုင်ဆောင်ထားတဲ့ MA 13
မောင်းပြန်သေနတ်နဲ့ တားဆီးကာကွယ်ခဲ့စဉ်မှာပဲ ပြစ်မှုကျူးလွန်သူ
က ရဲတပ်ကြပ်ကြီး မြင့်သိန်းကို ဓားနဲ့ ဆက်ပြီးထိုးတာကြောင့် တပ်ကြပ်ကြီး
မြင့်သိန်းရဲ့ လက်ဝဲလက်ခုံမှာ ဓားဒဏ်ရာရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို
အသက်အန္တရာယ်ဖြစ်စေဖို့ ရန်ပြုတိုက်ခိုက်လာတာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူကို သေနတ်ဒဏ်ရာနဲ့ လှိုင်သာယာဆေးရုံသို့ပို့ဆောင်ကုပေမယ့် ဆေးရုံမှာ သေဆုံး သွားခဲ့ပြီး စစ်ဆေးချက်အရ လုယက်မှုကျူးလွန်သူမှာ ဆန်းလင်းဦး၊ (၂၅)နှစ်ဖြစ်ပြီး သူ့ဆီကနေ
အရိုးအသွား (၁၀)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းနဲ့ လုယူခဲ့တဲ့ ငွေ ၂၀၀၀၀ ကျပ်တို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူ ဆန်းလင်းဦးဟာ ပိတောက်ချောင်းနယ်မြေရဲစခန်းမှာ ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးရမိခဲ့ပြီး လှိုင်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ၂၀၁၇ ဇူလိုင်လက ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၁ ဖြင့် ထောင်ဒဏ်
၂ လ ကျခံဖူးသူဖြစ်ကြောင်း၊ သီရိမင်္ဂလာဈေးအတွင်း ဓားကိုင်ဆောင်ရမ်းကားခဲ့တာကြောင့် ပိတောက် ချောင်းနယ်မြေရဲစခန်းက ဖမ်းဆီးတရားစွဲတင်ပို့ခဲ့ရာ ၂၀၁၈ ဇန်နဝါရီလက လက်နက်များအက်ဥပဒေပုဒ် ၁၉(င)ဖြင့်
ထောင်ဒဏ် ၄ လ ကျခံခဲ့ဖူးသူဖြစ်ကြောင်းနဲ့ လွန်ခဲ့သော (၃)ရက်ကမှ ထောင်မှလွတ်လာတဲ့သူဖြစ်တယ်လို့ ရဲသတင်းကဆိုပါတယ်။