လက်ရှိအချိန်အထိ အောင်မြင်မှုတွေ ယူဆောင်နိုင်ခဲ့တဲ့ ဂဲလ်တီယာရဲ့ ၃-၄-၃ ကစားကွက်မှာ အဓိကအစိတ်အပိုင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဆာဂျီယို ရာမို့စ်ရဲ့ လီဂူးဝမ်းပွဲစဉ်အဖြစ် လွန်းစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် ကစားသမားဘဝ အဆုံးသတ်သွားပြီလို့ ပြောဆိုနေကြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့ညနေမှာ ဒုတိယနေရာက လွန်းစ်အသင်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးရာသီမှာ ခြေစွမ်းပိုင်း ဆိုးရွားခဲ့ပေမယ့်လည်း ရာမို့စ်ဟာ ယခုရာသီမှာ ပွဲ ၂၀ အထိ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး လက်ရှိအချိန်အထိ အောင်မြင်မှုတွေ ယူဆောင်နိုင်ခဲ့တဲ့ ဂဲလ်တီယာရဲ့ ၃-၄-၃ ကစားကွက်မှာ အဓိကအစိတ်အပိုင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ လွန်းစ်အသင်းက ဦးဆောင်ဂိုး သွင်းယူသွားခဲ့တဲ့အချိန်မှာ ရာမို့စ် ပါဝင်ကစားပေးခဲ့တဲ့ အခန်းကဏ္ဍကို မြင်တွေ့ခဲ့ရပြီးနောက် စပိန်ဝါရင့်နောက်ခံလူရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကို လျင်လျင်မြန်မြန်ပဲ ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ လွန်းစ်အသင်းက ၅ မိနစ်မှာ ဖရန်ကောစကီးရဲ့ သွင်းဂိုးကြောင့် ဦးဆောင်နိုင်ခဲ့ပြီး ၈ မိနစ်မှာ ဟူဂို အက်ခီတိုက်ခ်က ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ အိုပန်ဒါဆီကို ဘောလုံးပေးပို့မှု ပြုလုပ်ခဲ့ချိန်မှာ ရာမို့စ်က ကွင်းလယ်စည်းမှာ ဘောလုံးကို ရယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း စပိန်နောက်ခံလူရဲ့ အလောတကြီးနိုင်မှုက လွန်းစ်တိုက်စစ်မှူးကို လွတ်သွားစေခဲ့ပြီး မာကင်ညို့စ် လိုက်ဆွဲပေမယ့် မမီတော့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေက အိုပန်ဒါရဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးက ရာမို့စ်ရဲ့ ဆိုးရွားတဲ့ အားထုတ်မှုကို လူမှုကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန်ပဲ ပြစ်တင်ဝေဖန်ခဲ့ကြပြီး "ဘိုင်ယန်ကတော့ ဒီကောင်တွေကို အရည်ကြိုသောက်တော့မှာပဲ"လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ရော်နယ်လ်ဒိုထက်တောင် ကစားသမားဘဝ အဆုံးသတ်နေတဲ့ကစားသမား"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က