အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အသင်းအတွက် (၄၅) ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ (၂၀၁၅-၁၆) ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝ ပြိုင်ပွဲစုံ သွင်းဂိုးကို လိုက်မီဖို့ နီးစပ်လာခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၅၁) ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ ရော်နယ်ဒိုအနေနဲ့ အဲ့ဒီတုန်းက စံချိန်ကို လိုက်မီဖို့ (၆) ဂိုးသာ လိုအပ်တော့တာပါ။
လက်ရှိပွဲစဉ်အနေအထားအရလည်း အယ်လ်နာဆာက ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲအပါအဝင် ပြိုင်ပွဲစုံ (၅) ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။ ရော်နယ်ဒိုရဲ့ လက်ရှိ ဂိုးသွင်းအားအရလည်း ဒီ (၅) ပွဲမှာ ဂိုးရဖို့ စိတ်ပူစရာမလိုတော့ပါဘူး။
ဒါ့အပြင် လက်ရှိ သွင်းဂိုးအရေအတွက်ကလည်း ရော်နယ်ဒိုအတွက် (၈) နှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုးမှာ ဂိုးသွင်းအားအများဆုံးအရေအတွက်ဖြစ်နေပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်းပွဲတွေမှာ အယ်လ်နာဆာအတွက် ဆက်တိုက် ဂိုးပေါက်တွေ့နေပြီး နောက်ဆုံးပွဲအပါအဝင် မကြာခဏ ဟက်ထရစ်ရခဲ့တာပါ။
လက်ရှိ ဆော်ဒီပရိုလိဂ်မှာလည်း ရော်နယ်ဒိုက ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး သူ့ရဲ့ ကစားသမားဘဝအတွက် နောက်ထပ်အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်ဖို့ နီးစပ်နေတာပါ။ ရော်နယ်ဒိုတစ်ယောက် နောက်ဆုံး (၈) နှစ်အတွင်း ဂိုးသွင်းအများဆုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်မလားတော့ စောင့်ကြည့်ရမှာပါ။