ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊လွိုင်လင်-မိုင်းပွန်ကားလမ်းမှာ ဇန်နဝါရီ (၅)ရက်နေ့ ညနေပိုင်းက (၁၂)ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး တောင်အောက်ပြုတ်ကျမှုဖြစ်ပွားခဲ့ပါတယ်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူတွေထဲက (၃)ဦးသေဆုံးခဲ့တယ်လို့ လွိုင်လင်မြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှသိရပါတယ်။
photo- Myanmar Fire Services Department
“ ဖြစ်တာက မနေ့က ညနေ(၄)နာရီခွဲလောက်ကဖြစ်တာ။ ကားက အလုပ်သမားတင်ပြီးပြန်လာတာလို့ပြောတယ်။ ယာဉ်ပေါ်မှာက အားလုံး(၇)ယောက်ပါတာ။ (၃)ဦးသေတယ်။ လေးဦးဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့လူနာတွေကတော့ မစိုးရိမ်ရပါဘူး“ လို့ လွိုင်လင်မြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)မှ ဦးခွန်မောင်က Duwun ကိုပြောပါတယ်။
photo- Myanmar Fire Services Department
ယာဉ်မတော်တဆမှုဟာ လွိုင်လင်- မိုင်းပွန်ကားလမ်း မိုင်တိုင်(၁၆၅)မိုင် (၃)ဖာလုံနဲ့ (၄)ဖာလုံကြားမှာဖြစ်ပွားခဲ့တာပါ။ ယာဉ်ပေါ်ပါ အမျိုးသား(၇)ဦးမှ ဒဏ်ရာရရှိတဲ့ လူနာ(၄)ဦးကိုလည်း လွိုင်လင်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပြီး ဆေးကုသမှုခံယူလျှက်ရှိပါတယ်။ အခင်းဖြစ်တဲ့နေရာမှာတော့ လွိုင်လင် မီးသတ်စခန်းမှ သန္ဓေ(၂၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး ၊ သူနာတင်ယာဉ်တစ်စီးတို့ဖြင့် ညပိုင်းအထိရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။