ရဲတပ်ဖွဲ့ကို ဓားတွေနဲ့ ပြန်လည်ခုခံလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

အရက်သေစာသောက်စားပြီး ဓားကိုင်ရမ်းကားတဲ့အုပ်စုက မူးယစ်ဆေးသုံးစွဲထားခြင်း ရှိ၊ မရှိကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။

လှည်းကူးမြို့ ကားလမ်းမပေါ်မှာ မေလ(၃၁)ရက်နေ့ ညပိုင်းက လူတစ်စုက အရက်သေစာသောက်စားပြီး မူးယစ်ကာ ဓားကိုင်ဆောင်ပြီးတော့ လမ်းသွားလမ်းလာတွေကိုတားပြီး အနှောက်ယှက်ပေးနေတာကို ပြည်သူတစ်ဦးက စခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ လှည်းကူးမြို့မရဲစခန်းမှ တာဝန်ရှိသူတွေအနေနဲ့ အဆိုပါလူအုပ်စုကို သွားရောက်ထိန်းသိမ်းတဲ့အခါမှာ ဓားကိုင်အုပ်စုက ရဲတပ်ဖွဲ့ကိုဓားနဲ့ ပြန်လည်ခုခံခဲ့တာကြောင့် သေနတ်ပစ်ခတ်ဖမ်းစီးခဲ့ရတယ်လို့ လှည်းကူးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်ဦးကပြောပါတယ်။



“ ဓားကိုင်ရမ်းကားနေတဲ့ အုပ်စုက (၅)ယောက်အုပ်စု ၊ အရက်သောက်ထားကြတယ်။ မူးယစ်ဆေးသုံးထားလားဆိုတာကိုတော့ အခုစစ်ဆေးဖို့ရှိတယ်။ တာဝန်ရှိသူတွေသွားဖမ်းတော့ သူတို့က ဓားတွေနဲ့ ပြန်လည်ခုခံတာ အဲ့ဒါနဲ့ သေနတ်နဲ့ပစ်ခတ်ပြီး ဖမ်းဆီးတာ တစ်ယောက်ရဲ့ ဘယ်ဘက်လက်မောင်းကိုထိသွားတယ်။ အခုတော့ သူတို့ကို ပုဒ်မ (၃၀၇)၊ (၃၅၃)၊ (၁၁၄) တို့နဲ့ အမှုဖွင့်ထားပြီး စစ်ဆေးစရာရှိတာ အားလုံးဆောင်ရွက်သွားမယ် “လို့ ဒုရဲမှူး မောင်ဦးက Duwun ကိုပြောပါတယ်။

အဆိုပါဓားကိုင်အုပ်စုဟာ ရန်ကုန်မြို့ကြည့်မြင်တိုင်က လူမိုက်အဖွဲ့ဆိုပြီး လူမှုကွန်ရက်မှာပြောဆိုသံတွေလည်းရှိပါတယ်။ ဒါကိုတော့ ရဲတပ်ဖွဲ့ကအတည်မပြုနိုင်သေးဘူး။ စစ်ဆေးနေဆဲလို့ပြောပါတယ်။

လှည်းကူးမြို့မှာ အခုလိုဓားကိုင်ရမ်းကားတဲ့ ဖြစ်ရပ်က ဒါပထမအဆုံးအကြိမ်ဖြစ်ပွားခဲ့တာပါ။ နယ်မြေလုံခြုံရေးနဲ့ ပက်သက်ပြီး ပြည်သူလူထုကို မှုခင်းကျဆင်းရေးတွေ၊ တရားဥပဒေစိုးမိုးရေးတွေအတွက်ဆွေးနွေးသွားမယ်။ အခုလိုဖြစ်စဉ်တွေကြုံတွေ့ရင် ရဲတပ်ဖွဲ့ကို အချိန်မီ အကြောင်းကြားဖို့ စတာတွေကို အသိပညာပေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ လှည်းကူးမြို့မစခန်းမှူးက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က