ဒဏ်ရာအခြေအနေ စိုးရိမ်ရပါတယ်

လှည်းကူးမြို့နယ်၊ COD ဈေး လက်ဖက်ရည်ဆိုင်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ဓားထိုးခံရမှု ဖေဖော်ဝါရီ ၂၄ ရက် မနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ လှည်းကူးမြို့မရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

Photo- လှည်းကူးငပိချက်

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် ဇရပ်ကွင်းရွာ အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏဆိုသူမှာ COD ဈေးက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ဟိန်းထက်ဇော်ဆိုသူ ရောက်လာပြီး ဓားနဲ့ ထိုးသွားခဲ့တယ်လို့ လှည်းကူးမြို့မရဲစခန်းတာဝန်ကျရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

“ ဖြစ်စဉ်အသေးစိတ် သေချာ မသိရသေးဘူး။ ကျူးလွန်သူကို မေးမြန်းစစ်ဆေးရမှာပါ လို့ လှည်းကူးမြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးမှ Duwun ကိုပြောပါတယ်။

ကျူးလွန်သူမှာ ဟိန်းထက်ဇော် ဆိုသူဖြစ်ပြီး လှည်းကူးမြို့ကနယ် ဒရယ်ဘိုရွာမှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိတော့ ကျူးလွန်သူကို ဖမ်းဆီးရမိကာ အမှုဖွင့်ထားပြီး အသေးစိတ် မေးမြန်းစစ်ဆေးနေတယ်လို့ လှည်းကူးမြို့မ ရဲစခန်းမှ သိရပါတယ်။ ဓါးထိုးခံရသူ အုပ်ချုပ်ရေးမှူးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရပြီး အင်းစိန်ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က