ဘန်ကောက်ကို ၆ ရက်နေ့ကတည်းက သွားခဲ့တာပါ။

မိတ်ကပ်ညီညီမောင်(စမ်းချောင်း) က မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ဖို့ သြဂုတ်လ ၆ ရက်နေ့ကတည်းက ဘန်ကောက်ကို သွားပြီလို့ သိရပါ တယ်။ ကိုယ်ကိုယ်တိုင်တောင် ဘယ်လိုပြောင်းလဲသွားမယ် မသိတဲ့အတွက် အရမ်းကို ရင်ခုန်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပရိသတ် တွေ က လှတယ်လို့ပြောရင်တော့ ကျေနပ်မိတယ်တဲ့။



 

မိတ်ကပ်ညီညီမောင်(စမ်းချောင်း) က မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ဖို့ သြဂုတ်လ ၆ ရက်နေ့ကတည်းက ဘန်ကောက်ကို သွားပြီလို့ သိရပါ တယ်။ ကိုယ်တိုင် ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို မသိသေးတဲ့အတွက် ပရိသတ်တွေကိုလည်း စောင့်ကြည့်စေချင် တယ်လို့ Duwun media ကိုပြောပြခဲ့ပါတယ်။

''ဘန်ကောက်မှာ မျက်နှာခွဲမယ်၊ အောက်သွားခေါနေတာကို ပြင်မယ်။ ပြန်လာရင်တော့ စောင့်ကြည့်ပေါ့နော်၊ ဘယ်လိုဖြစ်မလဲဆိုတာ ကိုယ် လည်းသေချာမသိဘူးပေါ့။ ပြင်ဆင်မှုတွေက တစ်ခုပြီးတစ်ခုပဲ တစ်လ နှစ်လလောက်နေမှ ပုံကျတာလေဆိုတော့ စောင့်ကြည့်ပေးပါ။ ကိုယ်တိုင်လည်း ဘယ်လိုဖြစ်မလဲတော့မသိဘူး။ လှချင်လို့တော့ သွားပြင်တာပါ'' လို့ သူကဆိုပါတယ်။

 

လှချင်လို့ပြုပြင်မှုတွေလုပ်တာဖြစ်တဲ့အတွက် ရင်တွေ ခုန်နေတယ်လို့ ညီညီမောင်က ပြောပါတယ်။ သူ့အနေနဲ့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ချင် တာများနေပေမယ့် နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ခွဲစိတ်ပေးမှုကို လက်ခံသွားမယ်လို့ သြဂုတ်လ ၅ ရက်နေ့ မနက်က ဆုပန်ထွာရဲ့ ခင်ပွန်း ကိုဥက္ကာကျော်ရဲ့ မွေးနေ့ပွဲမှာ Duwun Media ကို သီးသန့်ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

'' သု ကိုယ်တိုင်က ရုပ်ဆိုးတဲ့နေရာတစ်ခုက လာတာ အခုလည်း မလှပါဘူး။ ဒါပေမယ့် လူတွေက ကိုယ့်ကိုတွေ့ရင် လှလာတယ်လို့ ပြောရင် တော့ အရမ်းကျေနပ်တယ်။ သု ပျော်ပျော်ပဲနေချင်တယ်၊ ကိုယ်တွေက ပိုက်ဆံလည်းရှာခဲ့ပြီးပြီ၊ ကိုယ့်အနေအထားတစ်ခုအရလည်း စုမိခဲ့ပြီးပြီ ဆိုတော့ ပျော်အောင်နေတယ်၊ စိတ်ချမ်းသာအောင်နေတယ်'' လို့ သူကဆိုပါတယ်။

သာယာတာလား ချစ်တာလား မသဲကွဲသေးတဲ့အချစ်ရေးကိုပြောလာတဲ့ ညီညီမောင် 

ကိုယ့်ကိုယ်ကို ပျော်အောင်နေချင်တယ်လို့ ဆိုလာတဲ့ မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း)က စိတ်ကိုလည်း ပျော်ရွှင်အောင်ထား တယ် လို့ ဆိုပါတယ်။ သူများတွေ လှလှပပပျော်ပျော်ရွှင်ရွှင်နေရတဲ့အချိန်မှာ ပိုက်ဆံရှာနေရတဲ့ ဘဝဖြစ်ခဲ့ရတာကြောင့် အခုချိန်မှာတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။

'' ကိုယ့်ကိုယ်ကို ငယ်အောင်နေတယ်၊ နုအောင်နေတယ်။ လူတွေက အထင်မှားကြတယ် ဒီအခြောက် အသက်ကြီးမှ သူငယ်ပြန်နေတာလား ပေါ့။ ဒီအခြောက်က ခေတ်လူငယ်တွေလို တက္ကသိုလ်တက်နေတဲ့အချိန်မှာ သူတို့တွေလို နေခဲ့ရတာမဟုတ်ပါဘူး။ မိသားစုအတွက် ဘဝတိုက် ပွဲဝင်ပြီးတော့ ထမင်းတစ်လုပ်စားရဖို့အတွက် ကြိုးစားခဲ့ရတယ်'' လို့ သူက ဆိုပါတယ်။

 

ညီညီမောင်(စမ်းချောင်း) ဟာ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယို လေး တွေ၊ အလှဓာတ်ပုံလေးတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက အများအပြားရှိနေပါတယ်။ အခုနောက်ပိုင်းမှာတော့ ညီညီမောင်(စမ်းချောင်း)တစ်ယောက် အရမ်းကို လှနေတာကို ပရိသတ်တွေ သတိထားမိမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က