ကောင်းမြတ်စံက ‘’ဇာတ်လိုက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ယောကျ်ားလျာ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ အကြောင်းပြောပြလာပါတယ်။ မိန်းကလေးဆန်ဆန် လှလှပပနေတတ်သလို တကယ့် ယောကျ်ားတစ်ယောက်ပုံစံကာရိုက်တာကိုလည်း ပိုင်နိုင်တဲ့သူပါတဲ့။
Photo: Kaung Myat San
သရုပ်ဆောင်ကောင်းမြတ်စံက အခုဆိုရင် စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုလည်း ‘’ဇာတ်လိုက်’’ရုပ်ရှင်ဇာတ်ကားမှာ အတူတူ ပါဝင်သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ကာရိုက်တာအပေါ် ကြိုတင်ပြင်ဆင်မှုတွေကို မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
‘’ သူက ယောကျ်ားလျာလို ဝတ်ထားတဲ့ ပုံစံရယ်၊ နောက်ပြီးတော့ သူအပြင်ဝတ်နဲ့ပုံစံရယ် တခြားစီပဲ ကွဲထွက်တယ်။ ယောကျ်ားလျာပုံစံကို ဒီနေ့မှာ ပြင်ပြီးသွားပြီဆိုရင် ကင်မရာတည်ထားထား၊ မတည်ထားထား ရိုက်ရိုက် မရိုက်ရိုက် သူက ယောကျ်ားလျာကြီးလိုနေတာ။ ပုဆိုးတမမ နဲ့ ကွမ်းတွေလည်း တပျစ်ပျစ်နဲ့ သူကနေတာ အဲဒါလည်း သူ့ကာရိုက်တာအတွက် သူ Mood သွင်းထားတာ’’ လို့ ဆိုပါတယ်။
Photo:Myint Myat
အဲဒီနောက် အပြင်မှာဆိုရင် မိန်းကလေးဆန်ဆန် အရမ်းလှတဲ့ အိန္ဒြာကျော်ဇင်ဟာ ယောကျ်ားလျာ ကာရိုက်တာအတွက်ကိုလည်း တကယ် ပီပြင်အောင် သရုပ်ဆောင်နိုင်တယ်လို့ ကောင်းမြတ်စံက ဆက်လက်ပြောပြလာပါတယ်။
‘’ ကျွန်တော်တို့ မအူဝဲကို အပြင်မှာတွေ့လို့ရှိရင် မိန်းကလေးပုံစံ မဟုတ်လား။ ဒါပေမယ့် ရိုက်ကွင်း ပေါ်ရောက်ရင်တော့ သူက အဲဒီလို မဟုတ်ဘူး။ ပုဆိုးတွေ ဘာတွေဝတ်ပြီးလို့ ဆံပင်တုတွေ တပ်ပြီးသွားပြီဆိုရင် ပေါင်ကို ကားပြီးထိုင်တယ်။ လုံးဝ ယောကျာ်းကြီးလိုမျိုးပဲ သူက နေတော့တာ’’ ဇွန်လ ၁၃ ရက်နေ့က Jan Jan Jan ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Aung Min Naing
သူဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရပြီဖြစ်တာကြောင့် စီနီယာတွေဆီက အနုပညာတွေကိုလည်း မကြာခဏလေ့လာသင်ကြားဖြစ်တယ်လို့ ဆိုပါတယ်။
‘’လေ့လာတာကတော့ လေ့လာတာပေါ့နော်။ သူတို့လည်း ဒီလိုပဲ သရုပ်ဆောင်ကြတာပဲ။ ဒါပေမယ့် သူတို့က ဝါရင့်သွားပြီဆိုတော့ သူတို့အတွက်က အေးဆေးပေါ့။ အခု ကင်မရာတည်လိုက်ရင် သူတို့က ဘာလုပ်ရမယ်ဆိုတာ သိနေပြီပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Kaung Myat San
ကောင်းမြတ်စံကိုတော့ တီဗီကြော်ငြာ. မဂ္ဂဇင်းကာဗာ.တွေကနေတဆင့် ပရိသတ်တွေ စတင်သတိထားမိလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ရင်းက ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသားချော တစ်ယောက်ဖြစ်လို့နေပါပြီ။လက်ရှိမှာလည်း ကောင်းမြတ်စံ တစ်ယောက် ဇာတ်ကားတွေ ရိုက်ကူးလက်ခံထားတာကို တွေ့ရပါတယ်။
Share