ပြီးခဲ့တဲ့ရာသီမှာ မက်ဆီက အကောင်းဆုံးကစားသမားမဟုတ်ဘူးလို့ ယုံကြည်နေတာပါ။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီထက် ဗန်ဒိုက်က ယခုနှစ် ဘလွန်းဒီအော်ဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။

မက်ဆီနဲ့ ဗန်ဒိုက်တို့ဟာ ဒီဇင်ဘာလမှာ ပေးအပ်သွားမယ့် ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုဖြစ်တဲ့ ဘလွန်းဒီအော်ဆုကို ရေပန်းအစားဆုံးကစားသမားတွေအဖြစ် ပေါ်ထွက်နေတာဖြစ်ပြီး မာနေးကလည်း ဒုတိယရေပန်းအစားဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

နယ်သာလန်နောက်ခံကစားသမား ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ရောက်ရှိလာချိန်ကတည်းက ကမ္ဘာ့အကောင်းဆုံးနောက်ခံကစားသမားတွေထဲကတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ နှစ်ဆက်တိုက်တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ခံစစ်ပိုင်းဆိုင်ရာမှာ ပိုမိုကောင်းမွန်နေခဲ့ပြီး ကွင်းအတွင်းက ဗန်ဒိုက်ရဲ့ တည်ငြိမ်တဲ့ကစားဟန်ကြောင့် ပွဲစဉ်အတွင်း လွှမ်းမိုးမှု ပိုမိုကြီးထွားလာခဲ့တာဖြစ်ပါတယ်။ မက်ဆီကလည်း ဘာစီလိုနာအသင်းရဲ့အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၀ ကျော် သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းကို လာလီဂါဖလားနောက်ထပ်ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကို ပထမအကျော့မှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ဒုတိယအကျော့မှာ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းကို ပြီးခဲ့တဲ့အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့ပြီး လီဗာပူးကြယ်ပွင့်တွေဖြစ်တဲ့ မိုဟာမက်ဆာလာ၊ အယ်လီဆင်၊ ဝစ်ဂျ်နယ်ဒန်၊ ဖာမီနိုတို့လည်း ပါဝင််နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးနည်းပြ ကလော့ပ်က ၎င်းရဲ့ ကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်ကသာ ဘလွန်းဒီအော်ဆုကို မက်ဆီထက် ပိုပြီး ရရှိဖို့ ထိုက်တန်တယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“တကယ်လို့ ခင်ဗျား ဘလွန်းဒီအော်ဆုကို ဒီမျိုးဆက်ရဲ့ အကောင်းဆုံးကစားသမားကို ပေးမယ်ဆိုရင် ခင်ဗျား အဲဒါကို လီယွန်နယ်မက်ဆီကိုပဲ အမြဲတမ်းပေးသင့်ပါတယ်”

“ဒါပေမယ့် တကယ်လို့ ခင်ဗျား ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးကစားသမားကို ပေးခဲ့မယ်ဆိုရင်တော့ အဲဒီဆုရမယ့်သူက ဗန်ဒိုက်အတွက်ပဲ ဖြစ်လိမ့်မယ်”

“ဆုရွေးချယ်တာက ဘယ်လိုလဲဆိုတာ ကျွန်တော် အတိအကျမသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်မိပါတယ်”

“အားလုံးထဲက အကောင်းဆုံးကစားသမားဆုဆိုရင် မက်ဆီပါ။ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးကစားသမားဆိုရင်တော့ ဗန်ဒိုက်ပဲ။ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

Share

က္က