အီရန်မှာ cryptocurrencyဟာ တရားမဝင်ပါဘူး

စွန့်ပစ်စက်ရုံနှစ်ခုကနေ အစိုးရလျှပ်စစ်မီး သုံးစွဲမှူ တဟုန်းထိုးမြင့်တက်ကြောင်း သတိပေးချက် ထွက်လာပြီးနောက် အီရန်အာဏာပိုင်တွေဟာ ဒီစက်ရုံတွေထဲက Bitcoin ထုတ်တဲ့ စက်ပေါင်း ၁၀၀၀ ခန့်ကို သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။

        အီရန်နိုင်ငံပိုင် ရုပ်သံဌာန Press TV ကနေ ဖော်ပြချက်အရ cryptocurrency ထုတ်တဲ့ စက်ရုံက စက်တွေဟာ ဇွန် ၂၁ ရက်နေ့အထိ စွမ်းအင်သုံးစွဲမှူမှာ ၇% တက်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ cryptocurrency ထုတ်လုပ်မှူဟာ အီရန်မှာ ပိတ်ပင်ထားတဲ့ အရာ ဖြစ်ပါတယ်။



Photo: eteknix

        “bitcoin ထုတ်သွားတဲ့ စက်တွေထဲက နှစ်ခုကို လျှပ်စစ်ဓါတ်အား ၁ မဂ္ဂါဝပ်သုံးထားတယ်လို့တွေ့ရပါတယ်။ ”လို့Yazd အလယ်ပိုင်းတိုင်းမှ စွမ်းအင် အာဏာပိုင်တစ်ဦး ဖြစ်တဲ့ အာရက်ရှ် နာဗက်က Press TVကို ပြောပါတယ်။

         Crypto mining လုပ်ငန်းစဉ်ဟာ လျှပ်စစ်ဓါတ်အား သုံးစွဲမှူ အလွန်မြင့်တဲ့ ဖြစ်စဉ်ဖြစ်ပြီး အလွန်ရှူပ်ထွေးတဲ့ ကွန်ပျူတာ process တစ်ခုကို အင်တာနက်က တစ်ဆင့် ပုစ္ဆာနဲ့ြ့ပဿနာတွေ ဖြေရှင်းရင်း အဆင့်အလိုက် သတ်မှတ်ထားတဲ့ Bitcoin / Ethereum စတဲ့ digital coin တွေ ရရှိတာပါ။ အီရန်ဗဟိုဘဏ်ဟာ Bitcoin အပါအဝင် cryptocurrencyတွေကို တရားမဝင်ကြောင်း ၂၀၁၈ ကတည်းက ကြေညာထားပါတယ်။

        လက်ရှိ Crypto Markets ထဲမှာ ထိပ်တန်း cryptocurrency တစ်ခု ဖြစ်တဲ့ Bitcoin တစ်ခုဟာ ၁၂၃၁၆ ဒေါ်လာ ( မြန်မာငွေ ၁၈၆ သိန်းကျော်) ပေါက်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး လူမှူကွန်ရက်ကြီး ဖြစ်တဲ့ Facebook ဟာလည်း Libra နာမည်နဲ့ဒီဂျစ်တယ်ငွေကြေးသစ်ကို လာမယ့် ၂၀၂၀ နှစ်ဆန်းပိုင်းမှာ မိတ်ဆက်သွားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က