လျှပ်စစ်မီတာနဲ့ ထရန်စဖော်မာတွေတပ်ဆင်ခွင့်လျှောက်ထားရာမှာ အွန်လိုင်းကနေ တစ်ဆင့်လျှောက်ထားလို့ရတယ်လို့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။
photo - လျှပ်စစ်ဝန်ကြီးဌာန website
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို မီတာ/ထရန်စဖော်မာတပ်ဆင်ခွင့် လျှောက်ထားချင်သူတွေအနေနဲ့ အရင်က မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ကိုယ်တိုင်လျှောက်ထားရတာဖြစ်ပြီးတော့ နောက်ပိုင်းမှာ Online ကနေ တစ်ဆင့်လျှောက်ထားနိင်မှာဖြစ်တယ်လို့ သိရပါတယ်။
မီတာ/ထရန်စဖော်မာလျှောက်ထားချင်တဲ့သူတွေအနေနဲ့ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းရဲ့
Website ဖြစ်တဲ့ https://yesc.org.mm/yesc-register ကိုဝင်ရောက်ပြီး register ပြုလုပ်ရမှာဖြစ်ပြီးတော့ အိမ်သုံး၊လုပ်ငန်းသုံး မီတာ၊ထရန်စဖော်မာတွေကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွေကို လာရောက်ဖို့ မလိုဘဲနဲ့ တစ်ဆင့်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ Online လျှောက်လွှာတွေကို ဌာနကနေ စိစစ်အတည်ပြုပြီးတာနဲ့သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ကျသင့်ငွေပေးသွင်းဖို့ကို လျှောက်ထားသူရဲ့ email ကို အကြောင်းပြန်ပေးမှာဖြစ်ပြီးတော့ ငွေပေးသွင်းဖို့ မြို့နယ်ရုံးကို (၁) ကြိမ်လာရောက်ဖို့လိုတယ်လို့ သိရပါတယ်။