ဆုကြေးတွေကို မနှစ်ကထက် (၂) ဆတိုးပြီး ချီးမြှင့်ခဲ့ပါတယ်။

ဇန်နဝါရီလ (၄) ရက် မှာ ကျရောက်တဲ့ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် ကျင်းပတဲ့ မန္တလေးမြို့တော်မီနီမာရသွန်ပြိုင်ပွဲမှာ ပြည်တွင်းကစားသမား ၂၇၀၀ ကျော် နဲ့ ပြည်ပ အားကစား (၁၀) ဦးပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့သိရပါတယ်။

မန္တလေးမြို့တော်ဝန်မီနီမာရသွန်ပြိုင်ပွဲကို မျိုးဆက်သစ်အားကစားသမားတွေထွက်ပေါ်လာဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး ထူးခြားမှုကတော့ အနိုင်ရအားကစားသမားတွေကို ဆုကြေးငွေ ထိုက်ထိုက်တန်တန် ဂုဏ်ပြုတာဖြစ်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရှေ့နေ လမ်း ၈၀ အတိုင်း ကျုံးကို ပတ်ကာ ၆၆လမ်းမှ မန္တလာသီရိ အားကစားကွင်းအထိ ၁၃ မိုင်ရှည်လျားတဲ့ ပြေးလမ်းအတိုင်း ဝင်ရောက်ယှဉ်ပြိုင် ပြေးရတာဖြစ်တယ်လို့သိရပါတယ်။

“ လူငယ်အားကစားသမားတွေ ပေါ်ထွက်ပြီး အားလုံးကျန်းမာကြံ့ခိုင်တဲ့သူတွေ ဖြစ်ဖို့ ရည်ရွယ်ကျင်းပတာပါ။ဆုကြေးတွေကို မနှစ်ကထက် (၂) ဆတိုးပြီး ချီးမြှင့်ပေးမှာပါ” လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောပါတယ်။

ပြိုင်ပွဲကျင်းပခါနီးမှာ မိုးသည်းခဲ့သလို ပြိုင်ပွဲကျင်းပတဲ့တောက်လျှောက်လည်း မိုးတစ်ဖွဲဖွဲရွာနေတာကြောင့် အားကစားသမားတွေဟာ ခါတိုင်းနှစ်တွေထက် ပန်းဝင်သူ ပိုများခဲ့တယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲ (၄) မျိုး ကျင်းပခဲ့ပြီး အမျိုးသားအမျိုးသမီး လူသစ်တန်းနဲ့အလွတ်တန်းပြိုင်ပွဲတွေ အတွက် ပထမဆု သိန်း ၆၀၊ ဒုတိယဆု သိန်း ၄၀၊ တတိ ယဆု သိန်း ၃၀နဲ့ ကျန်တဲ့ဆုတွေလည်း ချီးမြှင့်ပေးခဲ့သလို ပြည်ပအားကစားသမားတွေအတွက် သီးသန့်ဆုအနေနဲ့ ပထမဆု ၁၀ သိန်း ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါမန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ မာရသွန် ပြိုင်ပွဲ (၃) ခုအနက် အရေးပါဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်ကာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တာလို့ သိရပါတယ်။

Share

Loading Next Article...
က္က