မလေးရှားနိုင်ငံမှာကျင်းပလျက်ရှိတဲ့ MLBB World Championship (M1) ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းဖြစ်တဲ့ Burmese Ghouls ဟာ အုပ်စုအဆင့်မှာ ပွဲစဉ်သုံးခုစလုံးကို နှစ်ပွဲပြတ်ရလဒ်တွေနဲ့ အနိုင်ရရှိပြီး Play-off အဆင့်ရဲ့ Upper Bracket ကို ပြတ်ပြတ်သားသား တက်ရောက်သွားပြီပဲဖြစ်ပါတယ်။

  မလေးရှားနိုင်ငံမှာကျင်းပလျက်ရှိတဲ့ MLBB World Championship (M1) ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းဖြစ်တဲ့ Burmese Ghouls ဟာ အုပ်စုအဆင့်မှာ ပွဲစဉ်သုံးခုစလုံးကို နှစ်ပွဲပြတ်ရလဒ်တွေနဲ့ အနိုင်ရရှိပြီး Play-off အဆင့်ရဲ့ Upper Bracket ကို ပြတ်ပြတ်သားသား တက်ရောက်သွားပြီပဲဖြစ်ပါတယ်။


ဒီပြိင်ပွဲကြီးဟာ Mobile Legends: Bang Bang သမိုင်းတစ်လျှောက်လုံးမှာ ပထမဦးဆုံး World Championship ပြိုင်ပွဲဖြစ်တဲ့အပြင် ဆုကြေးအများဆုံးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၂၅၀၀၀၀ ကိုချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။



         အုပ်စုအဆင့်မှာ ပြိုင်ပွဲဝင် ၁၆ သင်းကို ၄ သင်းစီ အုပ်စု ၄ စုခွဲကာ ယှဉ်ပြိုင်စေခဲ့ပါတယ်။ မြန်မာအသင်း Burmese Ghouls ကတော့ M1 ပြိုင်ပွဲမှာရေပန်းအစားဆုံးအသင်းဖြစ်တဲ့ အမေရိကန်ကိုယ်စားပြု Team Gosu ၊ မလေးရှားကိုယ်စားပြုအသင်း Axis Esports ၊ လာအိုကိုယ်စားပြုအသင်း Candy Comeback အသင်းတို့နဲ့အတူ အုပ်စု B ကိုရောက်ရှိသွားခဲ့ပါတယ်။


အုပ်စုတစ်ခုမှာ အုပ်စုဗိုလ်ဖြစ်ခဲ့ရင် နောက်တစ်ဆင့်ဖြစ်တဲ့ Play-off အဆင့်မှာ Upper Bracket ကို တန်းရောက်မှာဖြစ်ပါတယ်။ Upper Bracket ရောက်တဲ့အသင်းဟာ Lower Bracket အသင်းတွေထက် ကစားရတဲ့ပွဲ ပိုနည်းတာကြောင့် အရေးကြီးတဲ့နေရာတစ်ခုလို့ဆိုရမှာပါ။


         Burmese Ghouls ကတော့ အုပ်စုအဆင့်မှာ ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ BO3 ၃ ပွဲဆော့ကစားခဲ့ပြီး ပွဲစဉ်တိုင်းမှာ ၂ပွဲပြတ်အနိုင်ရလဒ်တွေနဲ့ အနိုင်ပိုင်းနိုင်ခဲ့ပြီး Burmese Ghouls ဟာသူတို့ရဲ့ အလားအလာကောင်းတွေကို မြန်မာပရိသတ်တွေသိအောင် သက်သေပြနေပြီပဲဖြစ်ပါတယ်။

 တကယ်တော့ Burmese Ghouls အသင်းရဲ့ပင်တိုင်ကစားသမား RubyDD ဟာ ပက်စ်ပို့ပြဿနာနဲ့ မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ M1 ပြိုင်ပွဲကြီးနဲ့လွဲချော်ခဲ့တာကြောင့် သူ့နေရာမှာ အသင်းရဲ့ Coach ဖြစ်သူ PVNDV က အစားထိုးဝင်ရောက်ကစားပေးခဲ့ရပါတယ်။ ဒီလိုလူစားထိုးကစားရတာတောင် အကောင်းဆုံးပုံစံတွေကိုပြသနိုင်ခဲ့တဲ့ Burmese Ghouls ရဲ့လက်စွမ်းကတော့ ချီးကျူးစရာပါပဲ။


         M1 ပြိုင်ပွဲကြီးရဲ့အုပ်စုအဆင့်ပွဲစဉ်တွေပြီးဖို့က ၂ ရက်တောင်လိုပါသေးတယ်။ မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စု A မှာတော့ အင်ဒိုနီးရှားကိုယ်စားပြု RRQ အသင်းနဲ့ ဗီယက်နမ်ကိုယ်စားပြု VEC Fantasy Main တို့က Play-off အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Burmese Ghouls အသင်းဟာ Play-off အဆင့်မှာ အုပ်စု D က အုပ်စုဗိုလ်နဲ့ထိပ်တိုက်တွေ့ဆုံမှာဖြစ်တာကြောင့် ဘယ်အသင်းလဲဆိုတာသိရဖို့အတွက်တော့ အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။ Play-off ပွဲစဉ်တွေကတော့ ၁၅ ရက်နေ့မှာ ပြန်လည်စတင်မှာပဲဖြစ်ပါတယ်။ Burmese Ghouls အနေနဲ့ Candy Comeback အသင်းနဲ့ကစားအပြီး အင်တာဗျူးမှာ MayBe က "ကျွန်တော်တို့ချန်ပီယံဖြစ်ဖို့ယုံကြည်ချက်ရှိပါတယ်" လို့ပြောကြားခဲ့သလို ချန်ပီယံဆုကြီးကို စိန်ခေါ်နိုင်မလားဆိုတာကိုတော့ မကြာခင်သိရတော့မှာပါ။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က