ကပ်ရောဂါကြောင့် ရိုက်ကူးရေးကို ခြောက်လနီးပါးကြာ ရပ်ထားခဲ့ရပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ပြန်စခဲ့ပါတယ်။

Twilight ဇာတ်ကားတွဲတွေနဲ့အတူ ပရိသတ်တွေကြား အောင်မြင်ကျော်ကြားတဲ့ အင်္ဂလိပ်မင်းသား ရောဘတ်ပတ်တင်ဆန် COVID-19 ကူးစက်ခံရမှုကြောင့် သူပါဝင်သရုပ်ဆောင်နေတဲ့ The Batman ဇာတ်ကား ရိုက်ကူးရေးကို ရပ်နားထားရတယ်လို့ Vanity Fair နဲ့ Hollywood Reporter သတင်းတို့က စက်တင်ဘာ ၃ ရက်နေ့မှာ ဖော်ပြပါတယ်။

(Photo: NY Post)

The Batman ဇာတ်ကားထုတ်လုပ်တဲ့ Warner Bros ရုပ်ရှင်ကုမ္ပဏီက ထုတ်ပြန်ချက်အရ The Batman ရိုက်ကူးရေး အဖွဲ့ဝင်တစ်ဦးထံမှာ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိရတယ်လို့ ပြောထားပေမဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။ The Batman ဇာတ်ကား ရိုက်ကူးရေးကို ယာယီ ရပ်နားထားတယ်လို့ Warner Bros က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



Warner Bros ရဲ့ ပြောခွင့်ရအမျိုးသားကလည်း ကူးစက်ခံရသူကို ကူးစက်မှုထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများနဲ့အတူ သီးခြားခွဲထားကြောင်း ပြောခဲ့ပါတယ်။ Vanity Fair နဲ့ Hollywood Reporter တို့က ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ The Batman ဇာတ်ကားရဲ့မင်းသား ရောဘတ်ပတ်တင်ဆန် (Robert Pattinson) ဖြစ်တယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။

(Photo: ET Online)

The New York Times နဲ့ Deadline ကဲ့သို့ အခြား သတင်းဌာနတွေကလည်း ရောဘတ်ပတ်တင်ဆန် ရောဂါကူးစက်ခံရတဲ့ သတင်းကို အတည်ပြုထားတယ်လို့ ဆိုပါတယ်။ The Batman ဇာတ်ကား ရိုက်ကူးရေးကို COVID-19 ကပ်ရောဂါကြောင့် ခြောက်လနီးပါးကြာ ရပ်ထားခဲ့ရပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာ ပြန်လည်စတင်ခဲ့ပါတယ်။ ထိုဇာတ်ကားဟာ ဗြိတိန်မှာ COIVD-19 စည်းမျဥ်းစည်းကမ်းများနဲ့ ရိုက်ကူးရေး ပြန်လည်စတင်ခဲ့တဲ့ ပထမဆုံး ရုပ်ရှင်ထုတ်လုပ်းတွေအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။

(Photo: Forbes)

The Batman ဇာတ်ကားကို မူလက ၂၀၂၁ ခုနှစ် ဇွန်လမှာ ရုံတင်ရန် စီစဥ်ထားခဲ့တာဖြစ်ပေမဲ့ ကပ်ရောဂါကြောင့် နှောင့်နှေးမှုတွေ ကြုံနေခဲ့ရာ ရုံတင်ရက်ကို ထိုနှစ် အောက်တိုဘာလသို့ ရွှေ့ဆိုင်းထားပါတယ်။ မင်းသားဒွိန်းဂျွန်ဆင်က သူကိုယ်တိုင်နဲ့ သူ့ရဲ့မိသားစုဟာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်ခံခဲ့ရပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာခဲ့ကြောင်း ထုတ်ဖော်ပြောခဲ့ပြီး နောက်တစ်ရက်မှာ ရောဘတ်ပတ်တင်ဆန် ကူးစက်ခံရတဲ့သတင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

.

Share

Loading Next Article...
က္က