ဇာတ်လမ်းကိုသာ အဓိက ထားသူပါ။

မင်းသမီးချောလေး နန်းဆုဦးက သူ့ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတွေကိုသာ အဓိက ထားရွေးချယ် ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်. ဒီ့အတွက် တွဲဖက် သရုပ်ဆောင်ရမယ့် မင်းသားကိုတော့ ရွေးချယ်လေ့ မရှိဘူးလို့ဆိုပါတယ်

နန်းဆုဦးက လက်ရှိမှာ အနုပညာအလုပ်တွေကို ဖြေးဖြေးနဲ့ ပုံမှန်အတိုင်းသာ ဆောင်ရွက်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်. အဲ့ဒီအတွက် ဇာတ်ကား ရွေးချယ်မှုသာရှိပြီး တွဲဖက် သရုပ်ဆောင်ရမယ့် မင်းသားကိုတော့ စိတ်တိုင်းကျ ရွေးချယ်တာမျိုး မလုပ်ဘူးလို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်.

'' ဒီမှာက Casting ကို ပရိုဂျူဆာတွေ. ဒါရိုက်တာတွေ ကလုပ်တာများတယ်. ကာရိုက်တာကိုလည်း ဘယ်သူနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ ကမ်းလှမ်းတဲ့အခါမှာ ဒီမင်းသား. ဒီမင်းသမီးဆိုပြီးတော့ လာကမ်းလှမ်းကြတာ အမြဲတမ်းဆိုတော့ နန်းစုကတော့ ဒီမင်းသားနဲ့ရိုက်ရင် ပရိသတ်တွေပိုကြိုက်မယ်ထင်လို့ရိုက်ဖြစ်တာမျိုး မရှိဘူး. ကိုယ့်ကိုယ်ကို ပဲ အမြဲကြည့်တယ်. ကိုယ်လုပ်ရမယ့်အပိုင်း. ကိုယ့်ကာရိုက်တာကို အမြဲတမ်း တာဝန်ကျေအောင် ကြိုးစားရမလဲဆိုတာကိုပဲ အမြဲစဉ်းစားပါတယ်'' လို့ သူကဆိုပါတယ်.

သူမဟာ ပရိသတ်တွေအတွက်ကို အလေးထားပြီး ဇာတ်ကားရိုက်ကူးလေ့ရှိတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်. နန်းဆုကို ချစ်တဲ့ ပရိသတ်တွေ ကိုလည်း ပညာရစေမယ့် ဇာတ်ကားကောင်းတွေသာ ပေးချင်တဲ့အကြောင်း ပြောလာပါတယ်.

'' အဓိက ကတော့ နန်းစုက ဇာတ်လမ်းကိုကြည့်ပါတယ်. မင်းသား အသစ်ရယ်. အဟောင်းရယ်လို့လည်း မရှိပါဘူး. တစ်ခါတလေကျရင် မကောင်းတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်. ပရိသတ်တွေ ကြည့်လိုက်လို့ ဒီဇာတ်လမ်းကြီးကတော့ မကောင်းဘူး ဆိုပြီးတော့ မဖြစ်ချင်ဘူးရှင့်. နန်းစုရဲ့ ဇာတ်ကားကို ကြည့်တဲ့ ပရိသတ်တွေအတွက် တစ်ခုခုလေးတော့ ကျန်ခဲ့စေချင်တယ်.'' လို့ ဆိုပါတယ်.

အနုပညာနဲ့ပတ်သက်လို့ ဗီဒီယိုဇာတ်ကားတွေ အရိုက်များနေတဲ့ သရုပ်ဆောင် နန်းဆုဦးကတော့ သူ့ကိုအားပေးတဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ချင်တဲ့အတွက် ကမ်းလှမ်းလာတဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' နန်းစုက ဘယ်မင်းသားနဲ့ဆို မရိုက်ဘူး ဆိုတဲ့ ဟာမျိုးတော့ မရှိပါဘူး. ဇာတ်လမ်းကိုပဲ အဓိက ထားပါတယ်. ဥပမာ သရဲကားလေးဆိုရင်လည်း ဒီဇာတ်ကားလေးက ကောင်းတယ်. ဒီကားလေးထဲမှာ သရုပ်ဆောင်သွားတာလေးကလည်း တော်တယ် ဆိုတာမျိုး ဖြစ်စေချင်တာပါ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့က canal+ခရီးသွားကောက်ကြောင်း အစီအစဉ် မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာပါ


အနုပညာသက်တမ်း ၄ နှစ်ကျော် ၅ နှစ်ရှိပြီဖြစ်တဲ့ နန်းဆုဦးက ဗီဒီယိုဇာတ်ကားတွေ အရိုက်များတဲ့သူပါ. လက်ရှိမှာလည်း သူ့ကို ချစ်ကြ. အားပေးကြတဲ့ ပရိသတ်တွေ အများကြီးပါ. လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ နဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်.

Photo: နန်းစုဦး

Share

Loading Next Article...
က္က