"တကယ် ကို ဝမ်းသာပီတိဖြစ်ရပါတယ်"လို့ မေနွယ်ထွန်းက ဆိုပါတယ်။

မေလ ၂ရက်က ချစ်သူနဲ့ ရွေလက်တွဲသွားပြီ​ဖြစ်တဲ့ မအေးသောင်းရဲ့ မင်္ဂလာပွဲ ကိုသွားရောက်ခဲ့တဲ့ သရုပ်ဆောင် မေနွယ်ထွန်းက မင်္ဂလာပွဲရဲ့ ကြီးကျယ်ခမ်းနားလှပုံကို ပြောပြလာပါတယ်။ 



"သူ့ကိုကြည့်ပြီးတော့ အရမ်းဝမ်းသာတယ်။ ကိုယ့်အစ်မစ်မလိုလည်းဖြစ်တယ်။ သူငယ်ချင်းလည်းဖြစ်တော့ အရမ်းဝမ်းသာတယ်။ သူ့ကိုကြည့်ပြီးတော့ ကျေနပ်နေရတယ်။ ပြီးတော့ မအေးသောင်းလည်း သူများနိုင်ငံမှာ ဆောင်တာဖြစ်တဲ့အတွက် သူအရမ်းပင်ပန်းတယ်။ လှလည်းတော်တော်လှတယ် ။ တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်"လို့ မေနွယ်ထွန်းက ပြောပြလာပါတယ်။ 

ဓာတ်ပုံ - မအေးသောင်း

မအေးသောင်းရဲ့ မင်္ဂလာဆောင်က တကယ့်ကို တော်ဝင်နန်းဆန်ပြီး ကံကောင်းလွန်းတဲ့ သတို့သမီးတစ်ယောက်ဖြစ်တဲ့အကြောင်းကိုလည်းမေနွယ် ထွန်းက ပြောပြလာပါတယ်။ 

"မင်္ဂလာဆောင်က အရမ်းလှတာ ။ သူကလည်းအရမ်းလှတာ။ သူ့လက်ကိုင်ပန်းလေးကလည်း နာမည်ကြီးနေတာလေ။ Lily of the Valley ဆိုတာ။ အဲ့ဒါ​ကြောင့် လက်လေးနဲ့တောင် တို့လိုက်သေးတယ်။ ကျွန်မက ဘာမှမသိဘူး ။ သူများပြောလို့ နာမည်ကြီးမှ သိတာ။ သူစီးတဲ့ ကားကြီးဆိုလည်းအကြီးကြီးပဲ ။ ကိုယ်က ဘာကားမှန်းကိုမသိဘူး။ မအေးသောင်းရဲ့မင်္ဂလာပွဲကတော့ တော်ဝင်နန်းဆန်လွန်းတယ်" လို့ မင်္ဂလာပွဲမြင်ကွင်းနဲ့ သူ့ရဲ့ခံစားချက်ကို ပြောပြလာပါတယ်။

ဓာတ်ပုံ - မေနွယ်ထွန်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ ကိုဇော်ဇော်လတ်တို့က ဘန်ကောက်မြို့ Calvary Baptist ဘုရားကျောင်းမှာ မင်္ဂလာပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်ခဲ့ကာ ထိုင်းမင်းသမီး Kaew Korravee က တက်ရောက်ခဲ့ပြီး အဆိုတော် AR-T က မင်္ဂလာတေးသီချင်းနဲ့ ဖျော်ဖြေ ပေးခဲ့တာကိုတွေ့ရပါတယ်။ မင်္ဂလာပွဲ မှာတော့ ကချင်ဝတ်စုံနဲ့ အ နောက်တိုင်းဝတ်စုံ၊ စုစုပေါင်း ၂စုံ နဲ့ ဆောင်ခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲ ပါ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အေးဝတ်ရည်သောင်းနဲ့ မေနွယ်ထွန်းတို့ကတော့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး မဂ်လာပွဲမှာလည်း အစအဆုံး ကူညီပါဝင်ပေးဖြစ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ 

ဓာတ်ပုံ - မေနွယ်ထွန်း

သရုပ်ဆောင် မေနွယ်ထွန်းက မန္တလေးသူတစ်ဦးဖြစ်ပြီး အလှူအတန်းရက်ရောတာကြောင့်လည်း လူသိပိုများလာခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ခု နှစ်ကုန်လောက်မှာ အနုပညာလောကထဲကိုဝင်ရောက်လာသူဖြစ်ပြီး "အိပ်မက်တွေမိုးထားတဲ့ အိမ်"ဆိုတဲ့ဇာတ်လမ်းတွဲ မှာ ပရိသတ် ပိုခိုင် မာလာခဲ့ပါတယ် လူသိများလာခဲ့တာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အွန်လိုင်းက ကြော်ငြာတွေရိုက်ကူးနေပြီး Live Sale တွေလည်း ရောင်းချနေတာ တွေ့ရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က