၂ ဂိုးသွင်းယူခံရချိန်အထိ ဘာတစ်ခုမှ မစွမ်းဆောင်နိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ရှက်ဖီးယူနိုက်တက်အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ပြန်လာနိုင််ခဲ့ပြီး တစ်ဖက် ၃ ဂိုးစီသရေမကျမီမှာ ယူနို်က်တက်ဂန္တဝင်ကစားသမား ဂယ်ရီနဗီးက မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ ၃ ဦးဟာ လုံးဝဟာသဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ညာနောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးဟာ ယူနိုက်တက်အတွက် ခက်ခဲတဲညနေခင်းဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းခဲ့သူဖြစ်ပြီး ခရစ်စ်ဝိုုင်ဒါရဲ့ရှက်ဖီးအသင်းက ပထမပိုင်း စတင်ချိန်ကတည်းက လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ဒီဂီယာဟာ ကြောက်မက်ဖွယ်ကာကွယ်ပုတ်ထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဖီးလ်ဂျုံးစ်ရဲ့ ဆိုးရွားတဲ့ ကာကွယ်မှုကနေ အဖွင့်ဂိုးသွင်းယူသွားခဲ့တဲ့ ဂျွန်ဖလက်ရဲ့သွင်းဂိုးကိုတော့ ဘယ်လိုမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရပြီး ၅၂ မိနစ်မှာလည်း မူဆက်ရဲ့ ပင်နယ်တီဧရိယာထိပ်ကနေ အပြင်းကန်သွင်းချက်ကို ထပ်မံခွင့်ပြုခဲဲ့ရတာဖြစ်ပါတယ်။

မူဆက်ရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူအပြီးမှာ ဂယ်ရီနဗီးက အိုလေဂန်းနားဆိုးလ်ရှားရဲ့ ခံစစ်နဲ့ ကွင်းလယ်ကို ဝေဖန်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကစားသမား ၃ ဦးဟာ ရွေ့လျားမှုမရှိဘဲ လုံးဝကို ရယ်စရာဖြစ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ ဂျိမ်းစ်တို့ဆီကနေ လှုပ်ရှားမှုမရှိတာက ဟာသပဲ”

“အဲဒါက တကယ်ကို လုံးဝ ဟာသပဲ။ ပွဲတိုင်းပဲ။ သူတို့ဆီကနေ ဘာတစ်ခုမှ မရဘူး”

“မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းလယ်က ဆိုးရွားပေမယ့် ခင်ဗျား တိုက်စစ်ကစားသမား ၃ ဦးဆီကနေ မျှော်လင့်မိမှာပါ”

“တကယ်လို့ ခင်ဗျား ရှက်ဖီးနည်းပြ ခရစ်စ်ဝိုင်ဒါကို မက်ဂိုးဒရစ်၊ မူဆက်တို့ကို မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့နဲ့ လဲမလားလို့ သွားမေးရင် သူက ဟင့်အင်းလို့ပဲ ပြောလိမ့်မယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

က္က