မိုက်ဒင်းက ဒီရာသီကုန်မှာ ဒိုင်လူကြီးဘဝကနေ အနားယူတော့မှာပါ။

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်ဒိုင်လူကြီးတယောက်ဖြစ်တဲ့ မိုက်ဒင်းဟာ လက်ရှိဘောလုံးရာသီအကုန်မှာ သူ့ရဲ့ဒိုင်လူကြီးဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။ အသက် (၅၃) နှစ်အရွယ် ဒီဒိုင်လူကြီးဟာ အင်္ဂလန်ထိပ်တန်းလိဂ်မှာ (၂၂) နှစ်ကြာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။



သတင်းအချို့ကတော့ မိုက်ဒင်းအနေနဲ့ VAR ဒိုင်အဖြစ်နဲ့ ဆက်လက် တာဝန်ယူမယ်လို့ ဖော်ပြနေပါတယ်။ မိုက်ဒင်းအနားယူတော့မှာနဲ့ ပတ်သက်လို့ ပရိသတ်တွေကတော့ သူတို့ရဲ့ အမှတ်တရတွေကို မျှဝေနေကြပြီး ပရီးမီးယားလိဂ်ရဲ့ဝါရင့်နည်းပြကြီး နေးလ်ဝါးနော့ခ်ကလည်း အခုလိုပဲ မိုက်ဒင်းနဲ့ ပတ်သက်လို့ နောက်ပြောင်လာခဲ့ပါတယ်။

နေးလ်ဝါးနော့ခ်ဟာ ရှက်ဖီးယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်၊ ကာဒစ်ဖ်၊ ကျူပီအာတို့ကို ပရီးမီးယားလိဂ်မှာ ကိုင်တွယ်ခဲ့ဖူးပါတယ်။ နေးလ်ဝါးနော့ခ်က “မိုက်ဒင်း အနားယူတာ (၁၀) နှစ်လောက် နောက်ကျတာပေါ့ဗျာ။ အဲ့ဒါပြဿနာပဲ။ သူက ကျနော့်အတွက် ဘာမှ အကူအညီမဖြစ်နိုင်ဘူးလေ။ မဟုတ်ဘူးလား။ ကျနော်က အများအားဖြင့် ကလပ်အသင်းငယ်လေးတွေမှာပဲရှိနေခဲ့တာလေ”

“ဒီတော့ အခြားဒိုင်တွေလိုပဲ မိုက်ဒင်းက အသင်းကြီးတွေအပေါ် မျက်နှာလိုက်တာတွေနဲ့ ကြုံခဲ့ရတာပေါ့။ ကျနော်ပြောတာ နားထောင်ဗျ။ မိုက်ဒင်းက အခြားသူတွေလိုပဲ လူကောင်းတယောက်ပါ။ သူ သိပ်ကိုကောင်းခဲ့တဲ့ပွဲတွေရှိခဲ့ပြီး အချို့ သူလုပ်ခဲ့တဲ့အရာတွေက လုပ်ပြစရာမလိုတဲ့အရာတွေပါ။ ကျနော့်အဖေ အမြဲတမ်းပြောနေကျ စကားတခွန်းရှိပါတယ်”

“ဒိုင်လူကြီးကောင်းဆိုတာ ဘယ်တော့မှမရှိဘူးဆိုတာပေါ့။ မိုက်ဒင်းလည်း ဒီလိုပဲပေါ့။ သူက တခါတလေကျရင် သူ့ကိုယ်သူ ထင်ပေါ်ဖို့အတွက် မလုပ်သင့်တဲ့အရာလေးတွေကို ပိုလုပ်ပြခဲ့တာရှိပါတယ်။ ဒါပေမယ့်လည်း အားလုံးခြုံကြည့်လိုက်ရင် မိုက်ဒင်းက ဒိုင်လူကြီးကောင်းတယောက်ပါ။ အရာရာတိုင်းကို သူကောင်းကောင်းသိပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ပဲ ဒါတွေကို လွှင့်ပစ်လိုက်တာမျိုးတွေရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က