အားကစားလောကရဲ့ လွှမ်းမိုးမှုအရှိဆုံးအမျိုးသမားများစာရင်းအတွင်း မာရီနာကို ထည့်သွင်းထားကြပါတယ်။

ရုရှားဘီလျံနာအေဘရာမိုဗစ်ချ်ရဲ့ ကိုယ်စား လုပ်ကိုင်ဆုံးဖြတ်ခွင့်ရရှိထားတဲ့ သူမအနေနဲ့ အသင်းရဲ့ဘဏ္ဍာရေး အခြေအနေအားလုံးကို ဆုံးဖြတ်ခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီအစ အပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့ ချဲ လ်ဆီးအသင်းအနေနဲ့ လူငယ်ကစားသမားအများစုကိုအသုံးပြုပြီး အထိုက်အလျောက်ပုံစံကောင်းရှိနေခဲ့သလို တဖက်တွင် အသင်းဒါရိုက်တာမာရီနာဂရာနိုဗက်စကီးယားလက်ထက်အတွင်း ဘဏ္ဍာရေးဆိုင်ရာအမြတ်ရရှိမှုနှု န်းလည်း တိုးတက်လာခဲ့ကြောင်း thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရုရှားဘီလျံနာရဲ့ ရေနံကုမ္ပဏီမှာ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ မာရီနာဂရာနိုဗက်စကီယားအနေနဲ့ ချဲ လ်ဆီးအသင်းကို ၂၀၁၄ ခုနှစ်တွင် ရောက်ရှိလာခဲ့ပြီး လက်ရှိမှာအသင်းရဲ့အဓိကဆုံးဖြတ်ခွင့်ရရှိသူအဖြစ်ရှိနေခဲ့ ပြီး တာဝန်ယူထားစဉ်ကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာမူဝါဒအချို့ပြောင်းလဲကျင်းသုံးခဲ့သူလည်းဖြစ်ပါတယ်။



ကစားသမားအပြောင်းအရွှေ့စျေးကွက်တွေအတွင်း ဘဏ္ဍာရေးအရတောင့်တင်းမှုရှိပေမယ့် ထိန်းချုပ်မှုအချို့ပြု လုပ်ခဲ့တဲ့ မာရီနာဂရာနိုဗက်စကီးယားအနေနဲ့ ၆နှစ်တာကာလအတွင်း အသင်းအတွက် ပေါင် ၁၇၅သန်းနီးပါးအ ကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်နေပေးနိုင်ခဲ့တာပါ။

ဘွန်ဒက်စ်လီဂါကလပ်လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူးတီမိုဝါလ်နာကို ခေါ်ယူနိုင်ဖို့ရာနှုန်းပြည့်နီးပါးသေချာခဲ့ပြီ ဖြစ်တယ်လို့သတင်းတွေနဲ့အတူ ပေးချေရမယ့်အပြောင်းအရွှေ့ကုန်ကျစရိတ်ကို မိုရာတာ၊ အော်စ တာ၊မာတစ်၊ ဒေးဗစ်လူးဝစ်တို့ရဲ့အ ပြောင်းအရွှေ့ရဲ့ အကျိုးအမြတ်ကနေတဆင့် ရရှိခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

မာရီနာဂရာနိုဗက်စကီးယားလက်ထက်အပြောင်းအရွှေ့များတွင် ရှန်ဟိုင်း SIPG ကိုပြောင်းရွှေ့ခဲ့တဲ့ အော်စကာ ရဲ့ပေါင်သန်း ၆ဝတန်အပြောင်းအရွှေ့၊ မာတစ်ရဲ့ ပေါင်သန်း ၄ဝတန်အပြောင်းအရွှေ့၊ မိုရာတာရဲ့ ပေါင်၅၈သန်း တန်အပြောင်းအရွှေ့အပြင် ဒေးဗစ်လူးဝစ်ကိုပီအက်စ်ဂျီအသင်းဆီ ပေါင်သန်း၅ဝနဲ့ရောင်းချခဲ့တဲ့အပြောင်းအရွှေ့ တွေက ထင်ရှားတဲ့လုပ်ဆောင်မှုတွေဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က