မိုင်နူးက ပရိသတ်အချစ်တော်ဖြစ်နေတာပါ။

ယူနိုက်တက်တို့ အက်စတွန်ဗီလာကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ မိုင်နူးရဲ့ လုပ်ရပ်တစ်ခုကြောင့် ပရိသတ်တွေက တော်တော်လေး သဘောကျနေပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ နှစ်ဂိုးပြတ်အရှုံးကနေ ပြန်လိုက်ကစားခဲ့ရတာပါ။



ပထမပိုင်းမှာတင် မက်ဂင်း၊ ဒန်ဒွန်ကာတို့ရဲ့ ဂိုးတွေကြောင့် ယူနိုက်တက်တို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဂါနာချိုရဲ့ ချေပဂိုးနှစ်ဂိုးကြောင့် ယူနိုက်တက်တို့ ပြန်လာနိုင်ခဲ့ပါတယ်။
ယူနိုက်တက်တို့ နှစ်ဂိုးစီသရေကျနေချိန်မှာ မိုင်နူးကို နည်းပြတန်ဟက်ခ်က အဲရစ်ဆင်နဲ့ လူစားလဲခဲ့ပါတယ်။ ကွင်းဘေးကို ထွက်လာချိန်မှာ မိုင်နူးက “လုပ်စမ်းပါကွာ” လို့ အော်ဟစ်၊ လက်နှစ်ဖက်ကို မြှောက်ပြီး ပရိသတ်တွေကို အားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲ့ဒီနောက် ပွဲကစားချိန် (၈၂) မိနစ်မှာ ယူနိုက်တက်တို့ ဟို့ဂျ်လန်းရဲ့ အနိုင်ဂိုးနဲ့အတူ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဘောက်ဆင်းဒေးပွဲစဉ်တွေမှာ အောင်ပွဲခံနေကျ ယူနိုက်တက်အတွက်လည်း ဒီနိုင်ပွဲက တော်တော်လေးကို အရေးပါခဲ့ပါတယ်။
မိုင်နူးကလည်း ယူနိုက်တက်အတွက် ပွဲချိန်တစ်လျှောက် ခြေစွမ်းပြကစားခဲ့ပြီး ဝါရင့်ကစားသမားတွေရှိနေတဲ့ ဗီလာကွင်းလယ်ကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူစားလဲပြီးတဲ့နောက် မြင်တွေ့ခဲ့ရတဲ့ သူ့ရဲ့စိတ်အားထက်သန်မှု၊ အပြုအမူတွေကြောင့်လည်း ပရိသတ်တွေက မိုင်နူးကို အနာဂတ်မှာ ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်လာမယ့် ကစားသမားလို့ အမွှန်းတင်နေကြပါတယ်။

Share

Loading Next Article...
က္က