ခြေစမ်းပွဲအတွက် အင်္ဂလန်လူစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

မနေ့ညက ထုတ်ပြန်လိုက်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကစားသမားစာရင်းမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ မိုင်နူးကို ချန်လှပ်ခဲ့ပြီး ဟန်ဒါဆန်က ထုံးစံအတိုင်း ဆောက်ဂိတ်ရဲ့ လူစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အင်္ဂလန်ပရိသတ်တွေက ဆောက်ဂိတ်ကို အပြင်းအထန် ဝေဖန်နေကြပါတယ်။



ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့ ဆောင်းရာသီမှသာ နယ်သာလန်ကလပ် အေဂျက်စ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဒီလိုမျိုး ဟန်ဒါဆန်ကို ဆောက်ဂိတ်က မရမက ရွေးချယ်ခဲ့တာပါ။
မိုင်နူးကတော့ ယူနိုက်တက်ကွင်းလယ်အတွက် အားကိုးစရာ ကစားသမားအဖြစ် ခြေစွမ်းပြနေသည့်တိုင် ခြေစမ်းပွဲတွေအတွက် အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာတောင် ပါဝင်ခွင့်မရရှိခဲ့ပါဘူး။ အင်္ဂလန်ဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ ခြေစမ်းပွဲ ကစားသွားမှာဖြစ်ပါတယ်။
ဒီလိုမျိုး သူ့ရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်လို့ ဆောက်ဂိတ်က “မိုင်နူးက အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ပြသနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း လူငယ်ကစားသမားတစ်ယောက်ကို စီနီယာအသင်းကြီး လူစာရင်းမှာ ထည့်သွင်းဖို့ ဘယ်တုန်းကမှ လက်မနှေးပါဘူး”
“ဒါပေမယ့်လည်း မိုင်နူး ကစားထားတဲ့ ပွဲအရေအတွက်က လက်ချိုးရေလို့ ရပါသေးတယ်။ သူက ယူနိုက်တက်မှာ အတွေ့အကြုံတွေ ယူနေတုန်းဖြစ်ပြီး ကောင်းမွန်တဲ့ ပုံစံတစ်ခုမှာ ရှိနေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ဟန်ဒါဆန်ကို အမြဲတမ်း အပါခေါ်လေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာပါ။

Share

Loading Next Article...
က္က