ကိုလ်ရာက ခြေစမ်းပွဲမှာ ခြေစွမ်းပြနေတာပါ။

ယူနိုက်တက်ပရိသတ်တွေဟာ လက်ရှိ ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ကိုလ်ရာနဲ့ပတ်သက်လို့ ချီးကျူးနေကြပါတယ်။ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်မှာ ဘရိုက်တန်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။



အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဒီကွင်းလယ်လူက ပြီးခဲ့တဲ့ရာသီကတည်းက ယူနိုက်တက်အသင်းကြီးရဲ့ အရန်ကစားသမားစာရင်းမှာ (၇) ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။ နည်းပြ တန်ဟက်ခ်ကလည်း ဒီကစားသမားလေးရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ အထင်ကြီးလေးစားနေပါတယ်။


လက်ရှိနွေရာသီ ခြေစမ်းပွဲတွေမှာတော့ ကိုလ်ရာက ယူနိုက်တက်အတွက် ကစားခွင့်ရနေပြီး ယူနိုက်တက်ပရိသတ်တွေကလည်း ဒီကောင်လေးရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ အထူးချီးကျူးနေကြပါတယ်။ ကိုလ်ရာဟာ ကွင်းလယ်မှာ ကက်စ်မဲရိုးနဲ့ ကောင်းကောင်းတွဲကစားနိုင်ပြီး ခြေစွမ်းပိုင်းအရလည်း ကျေနပ်စရာအနေအထားတစ်ခုကို ရောက်လာခဲ့တာပါ။

ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲရဲ့ ဒုတိယပိုင်းမှာလည်း ကိုလ်ရာက အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရရှိခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ မိုင်နူးလိုမျိုး နောက်တစ်ယောက် ထပ်မံပေါ်ထွက်လာပြီလို့ မှတ်ချက်ပြုနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က