သိန်း(၃၀)လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဦးစောနိုင်(ရှမ်းပြည်) (ခ) ဦးဇင်း စန္ဒိမာဟာ ဧပြီ(၂၆) ရက်နေ့ ည(၈း၃၀)မှာ ဈေးကျောင်းတိုက်တွင် ပျံလွန်တော်မူသွားခဲ့ပါပြီ။ ဦးဇင်းရဲ့ နောက်ဆုံးအလှူကို နေ့လည်(၃း၃၀)လောက်က မိသားစုများနဲ့ အတူ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : ဦးတေဇသိရီ

မင်းသားကြီး ဦးစောနိုင်(ခ)ဦးဇင်း စန္ဒိမာဟာ ဧပြီ(၂၆) ရက်နေ့ ညက အုတ်တွင်းမြို့မှာရှိတဲ့ ဈေးကျောင်းတိုက်မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ဦးဇင်းဟာ ပျံလွန်တော်မမူခင် နေ့လည်(၃း၃၀)လောက်မှာ မိသားစုနဲ့အတူ နောက်ဆုံး ကုသိုလ်ကို ပြုသွားခဲ့တယ်လို့ သိရပါတယ်။

“တချိန်တခါက ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး ဦးစောနိင်(ရှမ်းပြည်) ယခု ဦးဇင်း ဦးစန္ဒိမာ ၏ကုသိုလ်အဖြစ် ဇနီးနှင့်သမီးများမှ

လှုုဒါန်းမှုုကို ဦးဇင်းကြီး၏ ညီမ၊ တူ/တူမများမှ ကိုယ်စားကပ်လှုု ကုသိုလ်ပြုပေးနေပါပြီ ပရိက္ခရာရှစ်ပါးအစုံအလင်နဲ့ ခိုကိုးရာမဲ့ဘိုးဘွားစောင့်ရှောက်ရေးအတွက် ခေါင်မိုးတစ်ခုလုံးစာ သိန်း(30)ကျပ်တို့အားလှုုဒါန်းပါသည်။။” ဆိုပြီး ဧပြီ(၂၆) ရက်နေ့က ဆရာတော် ဦးတေဇသိရီရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo : ဦးတေဇသိရီ

မင်းသားကြီး ဦးစောနိုင်(ခ)ဦးဇင်း စန္ဒိမာဟာ အသက်(၈၅)နှစ် ဝါတော် (၄)ဝါမှာ ပျံလွန်တော် မူသွားခဲ့တာ ဖြစ်ပါတယ်။ ဦးဇင်းရဲ့ နောက်ဆုံးခရီးကို ဧပြီ(၃၀)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် တောင်ငူခရိုင်မှာရှိတဲ့ ဈေးရွက်ကွက် မူလွန်ကျောင်း အားကစားကွင်းအတွင် လောင်တိုက်ပြဿဒ်တို့နှင့် အန္တိမအဂ္ဂိဈာပန အခမ်းအနားဖြင့် မီးသင်္ဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းသားကြီး ဦးစောနိုင်ဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း (၅၀၀)ကျော် မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က