ယူနိုက်တက်ပရိသတ်တွေက အပြိုင်ချီးကျူးနေကြတာပါ။

ယူနိုက်တက်ပရိသတ်တွေကတော့ ဖီယင်နုဘယ်နောက်ခံလူ မာလာစီယာကို ခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိသွားတဲ့နောက် ဒီကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ် သဘောကျနှစ်သက်နေကြပါတယ်။ အသက် (၂၂) နှစ်အရွယ် မာလာစီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖီယင်နုရဲ့ အဓိက,ကစားသမားတယောက်ဖြစ်ခဲ့ပါတယ်။



ဒါ့အပြင် တန်ဟက်ခ်ဟာ မာလာစီယာကို ကာလရှည် စိတ်ဝင်စားခဲ့တာဖြစ်ပြီး ဒီကစားသမားကိုခေါ်ယူဖို့အတွက်လည်း ယူနိုက်တက်ကို ကင်းထောက်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ မာလာစီယာဟာ ရိုးမားကိုရှုံးနိမ့်ခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဥ်မှာလည်း ဖီယင်နုအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ အခု လာမာစီယာရဲ့ ခြေစွမ်းက ခံစစ်ပိုင်းမှာသာမက တိုက်စစ်လိုက်ပါမှုမှာပါ အကောင်းဆုံး အနေအထားတရပ်မှာရှိနေပါတယ်။

ဒီကစားသမားရဲ့ ခြေစွမ်းအပေါ် ယူနိုက်တက်ပရိသတ်တွေက “ဒီကောင်လေးက ဘောလုံးကို ကောင်းကောင်းနိုင်နင်းပါတယ်” “မာလာစီယာက လုခ်ရှောနဲ့ တဲလက်စ်တို့ထက် အရင်တည်းက ပိုကောင်းပြီးသားပဲ” “ကျနော်တို့အနေနဲ့ ဒီလိုမျိုးရွက်ပုန်းသီးတွေကိုခေါ်ပြီး အနာဂတ်ကြယ်ပွင့်ဖြစ်လာအောင် ပြုစုပေးရမှာ” သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး လူကာတာ၊ ပြေးတာတွေကို သဘောကျပါတယ်။ သူက ကြံ့ခိုင်မှုကောင်းပြီး လျင်မြန်တဲ့ ကစားသမားပါ” လို့ အသီးသီးချီးကျူးနေကြပါတယ်။

မာလာစီယာရောက်ရှိလာတာကြောင့် လုခ်ရှောနဲ့ အဲလက်စ်တဲလက်စ်တို့နှစ်ယောက်အနက် တယောက်က ယူနိုက်တက်ကို စွန့်ခွာရဖွယ်ရှိပါတယ်။ တန်ဟက်ခ်ဟာ အသင်းရဲ့နောက်တန်းကိုလည်း ပြင်ဆင်မှာဖြစ်ပြီး ဖရန်ကီဒီဂျောင်၊ မာလာစီယာတို့နောက် ထပ်မံခေါ်ယူမယ့် ကစားသမားစာရင်းထဲမှာ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ပါဝင်နေပါသေးတယ်။ 

Share

Loading Next Article...
က္က