လူ ၂၆ ယောက်လိုက်ပါသွားပါတယ်။
မာန်အောင်မြို့နယ်မှာ မီးပြတိုက်ကိုပြုပြင်ဖို့ ထွက်ခွာသွားတဲ့ သင်္ဘောတစ်စီးဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ က နစ်မြုပ်သွားတာကြောင့် လူ ၁၉ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Photo - Rakhine Fire Force FB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာအနီးက မီးပြတိုက်ကိုပြုပြင်ဖို့ ရောက်ရှိနေတဲ့ ဆင်ပြောင်အမည်ရှိ သင်္ဘောတစီးဟာ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၄ နာရီလောက်က နစ်မြုပ်ပြီး သင်္ဘောနဲ့ လိုက်ပါသွားသူတွေ ပျောက်ဆုံးနေပါတယ်။

"သင်္ဘောနဲ့ လိုက်သွားတာ ၂၆ ယောက်လို့သိရပါတယ်။ ၇ ယောက်ကတော့ မီးပြတိုက်ဆီကို ရောက်သွားပြီး ၁၉ ယောက်က ပျောက်ဆုံးနေတာပါ။"လို့ ကယ်ဆယ်ဆောင်ရွက်ပေးနေတဲ့ မာန်အောင်မြို့နယ် မီးသတ်တာဝန်ရှိသူက Duwun ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာပြောပါတယ်။

Photo - Rakhine Fire Force FB

လတ်တလောမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ပေးဖို့အတွက် တပ်မတော်ရေ အပါအဝင် ရဲ၊ မီးသတ်နဲ့ မာန်အောင်မြို့နယ်မှ ကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေက ဝိုင်းဝန်းရှာဖွေနေကြတယ်လို့ သိရပါတယ်။

ဆင်ပြောင်အမည်ရှိတဲ့ အဆိုပါသင်္ဘောဟာ ဇီးတောကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်ကို ပြုပြင်ဖို့သွားရောက်နေစဉ် အခုလို နစ်မြှပ်သွားခဲ့တာပါ။ နစ်မြှုပ်ရတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။

Share

Loading Next Article...
က္က