ရေယာဉ်မှူးအပါအဝင် ၈ ဦးကို သေဆုံးလျှက်တွေ့ရှိခဲ့တာပါ။

မာန်အောင်မှာ သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ ၁၈ ဦးအနက် သေဆုံးသူ အလောင်း ၈ လောင်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- Ministry of Home Affairs, Myanmar

ဇီးတောကျေးရွာအနီးက ပင်လယ်ကမ်းခြေနေရာတွေမှ ရေယာဉ်မှှူး ဦးထွန်းထွန်းအပါအဝင် အမျိုးသား ၇ ဦးနဲ့ ပျောက်ဆုံးစာရင်းမှာမပါဘဲ လိုက်ပါသွားတဲ့ ဦးထွန်းဦးဆိုသူတို့ရဲ့ အလောင်းအပါအဝင် သေဆုံးသူ အလောင်း ၈ လောင်းကို တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဇီးသေဆုံးသူတွေရဲ့ အလောင်းကို မာန်အောင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး သေဆုံးသူ ရေယာဉ်မှူး ဦးထွန်းထွန်းဦးကို ပေါ့လျော့မှုကြောင့် လူသေစေမှု၊ ရေယာဉ်ကို အရမ်းဦးစီးသွားလာမှုနဲ့ ဆားချက်နယ်မြေရဲစခန်းမှ (ပ) ၈/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က / ၂၈၀ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက် မနက် ၄ နာရီလောက် မာန်အောင်မြို့နယ်၊ဇီးတောကျေးရွာက ရေမိုင် (၅) မိုင်ခန့် မာန်အောင် (လက်ဖက်ကျွန်း) မီးပြတိုက်ကို ပြုပြင်ဖို့သွားရောက်စဉ်မှာ သဘောၤနစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ သေဘာၤနစ်မြုပ်မှုကြောင့် သဘောၤပေါ်ပါလာတဲ့ လူ ၂၅ ဦးထဲကနေ ၇ ယောက်ကို တော့ ကယ်ဆယ်နိုင်ခဲ့ပြီး ၁၈ ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်။

ကျန်ပေျာက်ဆုံးနေတဲ့ ၁၈ ဦးထဲက သေဆုံးလျှက် အလောင်း ၈ လောင်းကို ဖေဖော်ဝါရီလ ၁၂ ရက် နေ့မှာ တွေ့ရှိခဲ့ပြီး ကျန်ရှိတဲ့ အလောင်းကို ထပ်မံရှာဖွေနေတာလည်း ဖြစ်ပါတယ်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(ရန်ကုန်)က အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်ပါ ရေငုပ်သမား ၂၁ ဦးအဖွဲ့ဟာ ဇီးတောကျေးရွာ ကမ်းခြေသို့ ရောက်ရှိပြီး နစ်မြုပ်သင်္ဘောအား ရှာဖွေခြင်း၊ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခြင်း ပြုလုပ်မယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က