မီးပြတိုက်သဘောၤဟာ လှိုင်းရိုက်ပြီး ရေဝင်နစ်မြုပ်ခဲ့တာပါ။

ရခိုင်ပြည်နယ် မာန်အောင်မြို့ (လက်ဖက်ကျွန်း) မီးပြတိုက်ပြင်ဖို့သွားတဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က မောင်းနှင်တဲ့ သဘောၤမှာ နစ်မြှုပ်နေပြီး သဘောၤပါ ၁၈ ဦးပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကသတင်းထုတ်ပြန်ပါတယ်။

Photo- Myanmar Fire Service Department

ဖေဖော်ဝါရီ ၁၀ ရက် မနက် ၄ နာရီအချိန်က မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာက ရေမိုင် (၅) မိုင်ခန့် မာန်အောင် (လက်ဖက်ကျွန်း) မီးပြတိုက်ရဲ့ မြောက်ဘက် ရေမိုင် (၁) မိုင်ခန့် အကွာမှာ အလျား ၁၈၀ ပေ၊ အနံ ၄၀ ပေ၊ ရေစူး ၉ ပေရှိတဲ့ ဆင်ပြောင်အမည်ရှိတဲ့ သဘောၤမှာ မီးတိုက်ပြုပြင်ဖို့ ကျောက်ချရပ်နားစဉ်မှာ လှိုင်းရိုက်ခတ်ပြီး မှန်ပြတင်းတွေက ရေဝင်ရောက်မှု တွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Photo- Myanmar Fire Service Department

ရေဝင်ရောက်မှုကြောင်း ပြတင်းတွေကို ဖာထေးပြီး ရေစုပ်ထုတ်နေချိန်မှာ သဘောၤဦးပိုင်း ဝဲဘက်ခြမ်းက ရေတွေ ထပ်ပြီးဝင်ရောက်လာက နစ်မြုပ်မှု ဖြစ်ပွားခဲ့တာကြောင့် မီးပြတိုက်မှူးကနေ ငါးဖမ်းစက်လှေ ၂ စီးနဲ့ သွားရောက် ကူညီကယ်ဆယ်ခဲ့ရာမှာ သဘောၤပေါ်မှာ ပါရှိတဲ့ ၂၅ ယောက်ထဲကနေ ၇ ယောက်ကို ကယ်ဆယ်ခဲ့ပြီး ၁၈ ဦး ပျောက်ဆုံးနေတာ ဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းအထိ မတွေ့သေးတာကြောင့် မာန်အောင်မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတွေ၊ အမှတ် ၁၉ ရေတပ်စခန်းမှ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တွေနဲ့ အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ကူညီကယ်ဆယ်နေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က