ဒိုင်ဗင်ထိုးတယ်လို့ပြောခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။

မာနေးကို ဒိုင်ဗင်သမားလို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပြီးနောက်မှာ ရက်နပ်က ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး မာနေးရဲ့ အရည်အသွေးအပေါ် ဂွာဒီယိုလာက ထိတ်လန့်နေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။


လီဗာပူးလ်ကွင်းလယ်ကစားသမားဟောင်းဂျင်မီရက်နပ်က မန်စီးတီးနည်းပြဂွာဒီယိုလာဟာ တိုက်စစ်မှူးမာနေးကို ကြောက်ရွံ့နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ မာနေးကို ဒိုင်ဗင်သမားလို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပြီးနောက်မှာ ရက်နပ်က ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး မာနေးရဲ့ အရည်အသွေးအပေါ် ဂွာဒီယိုလာက ထိတ်လန့်နေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကတော့ လာမယ့် တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်ခင်မှာ ဂွာဒီယိုလာက မာနေးက ထူးခြားတဲ့အရည်အသွေးရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ မာနေးက ဟန်ဆောင်လှဲချခဲ့တယ်လို့ ဂွာဒီယိုလာက ရည်ရွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

"တစ်ခါတလေမှာ မာနေးက ဒိုင်ဗင်ထိုးပါတယ်၊ တစ်ခါတစ်လေမှာ သူက မယုံကြည်နိုင်လောက်စရာကောင်းတဲ့ ဂိုးတွေကို နောက်ဆုံးမိနစ်မှာ သွင်းယူတတ်ပါတယ်၊ သူက အရည်အသွေးရှိတဲ့ ကစားသမားပါ" လို့ ဂွာဒီယိုလာက မာနေးကို ခနဲ့ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဆောက်သမ်တန်ကို အနိုင်ရခဲ့ပြီးနောက် မန်စီးတီးကို ခြောက်မှတ်အသာစီးရယူထားဆဲဖြစ်ပါတယ်။

ဂျင်မီရက်နပ်က Daily Mail ကတဆင့် ပြောဆိုခဲ့ရာမှာတော့ "မာနေးကို သူ အဲဒီလိုပြောလို့ အံ့အားသင့်ခဲ့ရပါတယ်၊ နည်းပြတစ်ဦးက ပြိုင်ဘက်ကစားသမားတစ်ဦးကို ဒီလိုပြောတာက ပုံမှန်တော့မဟုတ်ပါဘူး၊ တနင်္ဂနွေနေ့ပွဲမတိုင်ခင်မှာ မာနေးကို စိတ်ရှုပ်အောင် သူ လုပ်ခဲ့တာပါ၊ ဂွာဒီယိုလာက မာနေးရဲ့ ခြိမ်းခြောက်နိုင်စွမ်းအပေါ် ထိတ်လန့်နေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"

"သူက ကလော့ပ်ရဲ့ နံပါတ်တစ်ကစားသမားဖြစ်နေတယ်ဆိုတာကို သူသိပါတယ်၊ လီဗာပူးလ်ရဲ့ အရေးအကြီးဆုံးကစားသမားဆိုတာလည်း သူ သိနေတာပါ၊ မာနေးကလည်း ဒါကို စနေနေ့က ပွဲစဉ်မှာ ပြသနိုင်ခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ မာနေးကတော့ ဒီရာသီမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။

Share

က္က