ဘွန်ဒက်စ်လီဂါအဖွင့်ပွဲမတိုင်ခင်မှာ မြင်တွေ့ခဲ့ရတာပါ။

ဖရန့်ဖတ်နဲ့ဘိုင်ယန်မြူးနစ်တို့ ကစားခဲ့တဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါအဖွင့်ပွဲမှာတော့ ဧည့်သည်ဘိုင်ယန်မြူးနစ်က ၁-၆ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲမှာ မာနေးက သူ့အတွက် ဘွန်ဒက်စ်လီဂါပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် မာနေးကို မြင်လိုက်ရတဲ့အချိန် ဖရန့်ဖတ်ဘက်က ကလေးငယ်လေးတယောက်ရဲ့ အပြုအမူကလည်း ရေပန်းစားလျက်ရှိပါတယ်။



ပွဲမစခင် ဖရန့်ဖတ်ကစားသမားတွေနဲ့ ဘိုင်ယန်မြူးနစ်ကစားသမားတွေ လက်ဆွဲနှုတ်ဆက်နေချိန်မှာ ဖရန့်ဖတ်ကစားသမားတွေဘေးက လိုက်ပါလာတဲ့ Mascot ကလေးငယ်လေးက မာနေးကို အံ့အားသင့်တဲ့အမူအရာမျိုးနဲ့ လိုက်ကြည့်နေခဲ့တာပါ။ ဒီဗီဒီယိုကိုလည်း ဘွန်ဒက်စ်လီဂါရဲ့ တရားဝင်တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ်။



ဒီကလေးငယ်ဟာ လက်ပိုက်လျက်သား အနေအထားနဲ့ပဲ မာနေးကို မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ လိုက်ကြည့်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအကြားမှာလည်း ဒီကလေးငယ်ရဲ့ ဗီဒီယိုက ရေပန်းစားလျက်ရှိပါတယ်။ မာနေးဟာ လက်ရှိနွေရာသီမှ လီဗာပူးကနေ ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တာပါ။ သူဟာ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့သလို အခု ဘွန်ဒက်စ်လီဂါအဖွင့်ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ပထမဆုံးပွဲထွက်ခဲ့တဲ့ခြေစမ်းပွဲ၊ ဂျာမန်စူပါဖလားဗိုလ်လုပွဲနဲ့ ဘွန်ဒက်စ်လီဂါပွဲဦးထွက်တို့မှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ မတူညီတဲ့ပြိုင်ပွဲသုံးခုရဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ မာနေးဟာ ကွင်းပြင်မှာလည်း အနေအေးတဲ့ ကစားသမားတယောက်ဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အမြဲတမ်း ချီးကျူးခံနေရသူပါ။



ဇာတိမွေးရပ်မြေရွာလေးကို မြို့လေးတမြို့ဖြစ်လာတဲ့အထိ ကျောင်း၊ ဆေးရုံ၊ ဓာတ်ဆီဆိုင် နဲ့ ဆက်သွယ်ရေးလိုအပ်ချက်တွေကို မာနေးက ဖြည့်တင်းပေးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် သူနဲ့အတူ ငယ်ဘဝမှာ ဘောလုံးအကယ်ဒမီ အတူတက်ဖူးတဲ့ ကစားသမားကိုလည်း ဘိုင်ယန်မြူးနစ် အရံအသင်းနဲ့ (၂) နှစ် စာချုပ်ချုပ်ဆိုနိုင်အောင် ကြားထဲက ကူညီကြိုးစားပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က