မာနေးက ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖို့ရှိနေတာပါ။

ဆီနီဂေါလက်ရွေးစင်အသင်းဟာ သူတို့ရဲ့ အဓိကအသင်းခေါင်းဆောင် မာနေးကို (၂၀၂၂) ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သေချာပေါက် အသုံးပြုသွားဖို့ ပြင်ဆင်နေကြပါတယ်။ မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့အတူရရှိခဲ့တဲ့ ညှို့သကျည်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်မှာဖြစ်ကြောင်း သတင်းတွေက အတည်ပြု ဖော်ပြထားပြီးသားဖြစ်ပါတယ်။



ဒါပေမယ့် ဆီနီဂေါလက်ရွေးစင်အသင်းနည်းပြ အလူးဆစ်စီက မာနေးကို အပြီးသတ်ကစားသမားစာရင်းမှာ ရွေးချယ်သွားမှာဖြစ်သလို မာနေးရဲ့ဒဏ်ရာ အမြန်ဆုံးသက်သာပျောက်ကင်းဖို့အတွက် ပယောဂဆရာတွေကိုပါ အသုံးပြုကာ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖတ်မာဆာမိုရာလို့အမည်ရတဲ့ အဆိုပါအမျိုးသမီးက “ကျမတို့ ပယောဂဆရာတွေကိုပါ အသုံးပြုသွားမှာပါ။ ဒါက ထိရောက်မှုရှိ၊ မရှိ ကျမတို့ မသိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုနည်းလမ်းမျိုးကိုမဆို ကျမတို့ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကျမတို့ မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ်ရာတွေကို မျှော်လင့်ထားပြီး မာနေးအနေနဲ့ ဆီနီဂေါအသင်းနဲ့အတူရှိနေရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်အသင်းနည်းပြ အလူးဆစ်စီကလည်း “သေချာတာတခုက မာနေးက ကျနော်တို့ရဲ့ အပြီးသတ်ကစားသမားစာရင်းမှာ ပါဝင်လာမှာပါ” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ မာနေးဟာ ဆီနီဂေါလက်ရွေးစင်အသင်း အာဖရိကဖလားရရှိအောင်၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားပါ။

ပြီးခဲ့တဲ့ (၂၀၂၂) ဘလွန်းဒီအော်ဆုပေးပွဲမှာလည်း မာနေးက ဆုရသွားတဲ့ ဘန်ဇီမာရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဆီနီဂေါပြည်သူတရပ်လုံးက ကမ္ဘာ့ဖလားအတွက် မာနေးကို အပြည့်အဝမျှော်လင့်ထားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မာနေးက ကမ္ဘာ့ဖလားနီးမှ ဒဏ်ရာရရှိသွားတာဖြစ်ပြီး ဆီနီဂေါလက်ရွေးစင်အသင်းဘက်ကတော့ အရေးကြုံလာရင် မာနေးကို ဒဏ်ရာကြီးနဲ့ပါ ထည့်ကစားသွားဖွယ်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က