ပါရဲရားရဲ့သွင်းဂိုးက ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တာပါ။

ယူနိုက်တက်ကနေ ဘရာဇီးကလပ် ဖလာမင်ဂိုမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ကွင်းလယ်လူ အန်ဒရေစ်ပါရဲရားဟာ အသက်ရှူမှားလောက်တဲ့ သွင်းဂိုးတဂိုးနဲ့ တန်ဟက်ခ်ကို ဆွဲဆောင်နေပြီလို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ဖလာမင်ဂိုက ဒီပိုတေးစ်တိုလီမာကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါရဲရားက တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။



အသက် (၂၆) နှစ်အရွယ် အဆိုပါဘရာဇီးလူမျိုးကွင်းလယ်လူဟာ မကြာခင်ရက်သတ္တပတ်အတွင်း ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာဖွယ်ရှိပါတယ်။ ဒီလိုမျိုး ယူနိုက်တက်ကို ပြန်မရောက်လာခင်မှာ ပါရဲရားက အခုလိုပဲ ပြိုင်ဘက်ဂိုးသမားပါ ငုတ်တုပ်မေ့သွားအောင် လှပတဲ့ အဝေးကန်ချက်နဲ့ ဂိုးသွင်းယူပြခဲ့တာပါ။



ပွဲကစားချိန် (၁၇) မိနစ်မှာ ပြိုင်ဘက်ကစားသမားဆီက ဘောလုံးကို လုယူပြီး ပါရဲရားက တုံ့ဆိုင်းမနေဘဲ တိကျသေချာစွာနဲ့ ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြောစရာဖြစ်ခဲ့တာက ပါရဲရားတယောက် ဒီဂိုးသွင်းအပြီး အင်္ကျီချွတ်အောင်ပွဲခံခဲ့တာပါ။ ပွဲကစားချိန်အစောပိုင်းသာရှိသေးပေမယ့် ပါရဲရားက နောက်ဆုံးမိနစ်အနိုင်ဂိုးရရှိသလို အောင်ပွဲခံခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေက ပါရဲရားရဲ့ဂိုးနဲ့ ပတ်သက်လို့ “ရာသီကြိုပီယာလိုက ရှယ်ကြမ်းနှင့်နေပြီ” “ရာသီကြိုကာလမှာတော့ ဆာအန်ဒရေစ်ပီယာလိုပါရဲရော်နယ်ဒင်ဟိုက မရှိမဖြစ်ပဲ” “ပါရဲရားက ပေါင်သန်း (၅၀) တန်ကစားသမားပါ။ ဒီထက်မလျှော့နိုင်တော့ပါဘူး” လို့ နောက်ပြောင်ချီးကျူးနေကြပါတယ်။ ပါရဲရားဟာ ဖလာမင်ဂိုမှာ ဆက်နေဖို့ ဆန္ဒရှိပေမယ့် ယူနိုက်တက်ကို ပြန်လာရဖွယ်ရှိပါတယ်။

ဒီကစားသမားရဲ့အနာဂတ်နဲ့ ပတ်သက်လို့ တန်ဟက်ခ်၊ မာတာ့ဖ်တို့လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။ ယူနိုက်တက်ဟာ ဇူလိုင်အတွင်း ရာသီကြိုခြေစမ်းပွဲတွေ ကစားရဖို့ရှိနေပြီး ရာသီကြိုပွဲတွေပြီးမှသာ ပါရဲရားရဲ့အနာဂတ်ကို သေချာဆုံးဖြတ်နိုင်ဖွယ်ရှိပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က