လူစာရင်းကိုတောင် ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ ဝန်ခံပြောကြားခဲ့တာပါ။

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် လာမယ့် မန်ချက်စတာဒါဘီအတွက် ပုံမှန်မဟုတ်တဲ့ အကြံအစည်တွေအပေါ်မှာ အားထားသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အတွက် လူစာရင်းကိုတောင် ဆုံးဖြတ်ရခြင်းမရှိသေးဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့ မန်ယူနိုက်တက်နဲ့ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် "ကျွန်တော့်မှာ အကြံအစည်အနည်းငယ်ရှိပါတယ်။ အတွေးတွေပေါ့။ မန်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲအတွက် ထူးဆန်းတဲ့အတွေးတစ်ခုပါ။ ဒါပေမယ့် ကျွန်တော် သူတို့ရဲ့နောက်ဆုံးပွဲစဉ်တွေကို မကြည့်ရသေးပါဘူး။ ကျွန်တော် သူတို့တွေ အိမ်ကွင်းမှာ ကစားတဲ့ပုံစံကို ကြည့်ရမှာဖြစ်ပြီး သူတို့တွေ တစ်စုံတရာကို ပြောင်းလဲခဲ့မယ်ဆိုရင် အဲဒါကို ကျွန်တော် ပြန်လည်သုံးသပ်ရဦးမှာပါ။ အဲဒါကြောင့်ပဲ ကျွန်တော့်ဆီမှာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွက် ရှင်းလင်းတဲ့ ပွဲထွက်လူစာရင်းမရှိသေးတာပါ"လို့ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက အာလင်း ဟာလန်းနဲ့ ကီဗင် ဒီဘရိုင်းနားတို့အပါအဝင် အဓိကကစားသမားတွေဟာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အနားပေးထားခြင်းခံခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး စပိန်လူမျိုးနည်ပြက မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ဒါဘီပွဲစဉ်အတွက် လန်းဆန်းတဲ့ခြေထောက်တွေကို လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ "ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ ဖလားပွဲမှာ ကျွန်တော် အကြောင်းအရင်းတစ်ခုအတွက် အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တယ်။ လန်ဒန်ကပွဲအပြီးမှာ ကစားသမားအချို့ ဘယ်လောက်တောင် ပင်ပန်းနေခဲ့လဲဆိုတာကို ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော်တို့ ပြန်ရောက်တာလည်း အရမ်းနောက်ကျခဲ့ပြီး နောက်တစ်နေ့ လေ့ကျင့်ရေးမှာလည်း ကစားသမားတွေ ပင်ပန်းနွမ်းနယ်နေတာကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဘယ်သူတွေ မကစားခဲ့ရဘူးလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ကစားမယ့်ပွဲစဉ်ကို တော်တော်လေး ရင်းနှီးနေတဲ့ ခြေထောက်တွေက ပျမ်းမျှမိနစ်တွေနဲ့အတူ ရောက်ရှိလာစေချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ အဲရစ် တန်ဟက်လက်အောက်မှာ လက်ရှိအချိန်အထိ အထင်ကြီးဖွယ်ကောင်းတဲ့ ရာသီကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပြီး သရဲနီတွေဟာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ အဆင့် ၅ နေရာက စပါးစ်ထက် ၂ မှတ်အသာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က